May 07, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 07, 2022
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံ ဂျူဒိုအားကစား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။
May 07, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
May 07, 2022
လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် အမှတ်(၁) ပင်မဓာတ်အားခွဲရုံနှင့် Solar Power Plant တည်ဆောက်ရန် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 07, 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး(ဘ) ဦးဇော်မင်းထွန်း၊ ကိုလတ်နှင့် ဖိုးသားတို့ သုံးဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အတွင်းအဆိုပါ မြို့နယ်အတွင်း၌ ပြုလုပ်သော ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့်အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများသို ဝှက်သိမ်းဆည်းခြင်း၊ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၉ ရက်တွင် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ဒလန်အဖြစ်စွပ်စွဲလုပ်ကြံ သတ်ဖြတ်ရာတွင် အားပေးကူညီခြင်းနှင့် အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး ဖြင့်ပစ်ခတ်ပြီး ရုံးအဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်ခြင်းတို့ကြောင့်စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၄ အရ ၂၀၂၂ ခုနှစ်၊မေ၅ရက်တွင် “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
May 07, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 07, 2022
အာဆီယံဒေသအတွင်း အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် ASEAN Mutual Recognition Arrangementon Tourism Professionals (ASEAN MRA-TP) အကောင်အထည်ဖော်မှုကို မြှင့်တင်နိုင်ရေး လေ့လာသုံးသပ်မှုစာတမ်းကို အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့ (Economic Research Institute for ASEAN and East Asia-ERIA) က ရေးဆွဲပြုစုလျက်ရှိရာ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထား အကြံပြုချက်များ ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
May 07, 2022
ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 07, 2022
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ မြန်မာလုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ ဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ယနေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ တက်ရောက်သည်။
May 07, 2022
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. Watanabe Hideo နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 07, 2022
အခြေခံပညာအလယ်တန်းဆင့် Grade-8 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
May 07, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
May 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍အမှာ စကားပြောကြားသည်။
May 07, 2022
အစားအသောက်များ ချက်ပြုတ် ကြော်လှော်ရာတွင်လည်းကောင်း၊ စက်မှု ကုန်ကြမ်းပစ္စည်းအဖြစ် လည်းကောင်း စားသုံးဆီများကို မဖြစ်မနေအသုံးပြုကြရသည်။ ထို့အတူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီများကို မဖြစ်မနေ အသုံးပြုကြရသည်။ အဆိုပါဆီနှစ်မျိုးကို လူတို့၏နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးပြုနေရမှုနှင့်အတူ လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ဆီဈေးနှုန်း များကြီးမြင့်လာရာ ကျွဲကူးရေပါ ဆိုသလို အခြားသော ထုတ်ကုန်ပစ္စည်းများသည်လည်း ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
May 07, 2022
မြန်မာတို့က ကပ်ကြီးသုံးပါးဟု သိရှိကြသည့် ရောဂါဘေး၊ လက်နက်ဘေး၊ အငတ်ဘေးတို့က မျက်မှောက်ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ စသည့် ကမ္ဘာတစ်ဝန်းမှ ဖြစ်စဉ်များကို များမကြာလှသေးမီက မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီးလည်းဖြစ်သည်။ သို့ဖြစ်လင့်ကစား အမှောင်တွင်းမှ အလင်းပွင့်များသဖွယ်ပင် ရောဂါဘေး၊ စစ်မက်ဘေး၊ အငတ်ဘေးတို့ ကျရောက်နေစဉ်အတွင်း မှာပင်ကရုဏာစိတ်နှင့်ယှဉ်သည့် ဆောင်ရွက်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး လူသားဆန်မှုများ ပြသခဲ့ကြသည်ကိုလည်း တွေ့ခဲ့ကြရသည်။
May 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။
May 06, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 06, 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ်(၄၉)ခုတို့တွင် နည်းပြနှင့်သရုပ်ပြ ဆရာ၊ ဆရာမ တာဝန် ထမ်းဆောင်ကြမည့် (၁၄၇၉) ဦးအား ယနေ့နံက်ပိုင်းက သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များတွင် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။
