May 08, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-တွံတေးလမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ တွံတေးတူးမြောင်းကို ဖြတ်ကျော်၍ တွံတေး-မအူပင်လမ်းနှင့် ချိတ်ဆက်နိုင်မည့် လမ်း/ တံတားအခြေအနေနှင့် တွံတေး-မအူပင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
May 08, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော် ကောင်စီဝင်များနှင့်ဇနီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
May 08, 2022
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးသည်။ မိမိတို့တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည် ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
May 08, 2022
ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
May 08, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီံမံခန့်ခွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ တရားမဝင် ကျွန်းပါကေး အကြမ်းတုံး ၂ ဒသမ ၃၀၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် ၅၁/၂ အနီး၌ တရားမဝင် ပျဉ်းကတိုးခွဲသား ၇ ဒသမ ၆၃၁၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၆,၂၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် NISSAN UD အမျိုးအစား ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၂၁၆,၈၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 08, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း ဧပြီလမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၉၃ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်ပြီး ဦးတည်အုပ်စုအလိုက် ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
May 08, 2022
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ချမ်းမြသာစည်မြို့နယ်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တွင် ဌာနပေါင်းစုံမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
May 08, 2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ် ၄၉ ခုတို့တွင် နည်းပြနှင့် သရုပ်ပြဆရာ ဆရာမတာဝန် ထမ်းဆောင်ကြမည့် ၁၄၇၉ ဦးအား ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။
May 08, 2022
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီ ဈေးနှုန်းများ
May 08, 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
May 08, 2022
“ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံးမျိုးမသုဉ်း” “ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား”
May 08, 2022
အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသဖြင့် ဝင်ခွင့်လျှောက်လွှာများကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၌ (၁၂-၅-၂၀၂၂) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၃၁-၅-၂၀၂၂)ရက် နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းသို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
May 08, 2022
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို သိရှိနားလည်စေရန်၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများနှင့် တတ်သိနားလည်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် အောက်ပါ Free Online Certificate Courses များကို ၁၂.၅.၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်-
May 08, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့ မူလတန်းကြိုကျောင်း၌ ကျင်းပသော ထားဝယ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
May 08, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၂)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၄)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၁၁၆ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့များရှိ စာစစ်ဌာနငါးခု၌ ယနေ့နှင့် မေ ၈ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။
May 08, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(A)၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မကြာမီ ထုတ်လွှင့်ပြသမည့် (၃၈)ဖြာ မင်္ဂလာအစီအစဉ်ကို ကြိုတင်ကြည့်ရှုအားပေးသည်။
May 08, 2022
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီးနောက် မေ ၇ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
May 08, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ ကျဆင်းသွားပြီဖြစ်သည်။ ရောဂါစစ်ဆေးမှု ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်တွေ့ရှိမှုနှုန်းမှာ နေ့စဉ် ဆယ်ဂဏန်းပတ်ဝန်းကျင်ဖြင့် တစ်ရာခိုင်နှုန်းအောက် ဒသမအနည်းငယ်သာ ရှိတော့သည်။ ထိုသို့ အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာခြင်းသည် နိုင်ငံတော်အစိုးရက အလေးထား စီမံဆောင်ရွက်နိုင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများက အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာသောကြောင့် ဖြစ်သည်။
May 08, 2022
လူတိုင်း နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစုကသာ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြပြီး လူအများစုကြီးတို့ကမူ အမှုမဲ့ အမှတ်မဲ့၊ စည်းမဲ့ ကမ်းမဲ့ တော်သလို ရော်သလိုသာ စွန့်ပစ်နေကြခြင်းဖြစ်သည်။ လူတစ်ကိုယ် အမှိုက်တစ်မျိုးသာ ပစ်လျှင်ပင် လူသန်းပေါင်းများစွာတို့က အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ် ပစ်နေကြခြင်း ဖြစ်သည့်အတွက် အမှိုက်စွန့်ပစ်မှု စည်းစနစ်ကျမှသာ အမှိုက်သိမ်းသည့် အဖွဲ့အစည်းတို့လည်း အမှိုက်ကိုနိုင်အောင် သိမ်းနိုင်ကြမှာဖြစ်သည်။
