Skip to main content

Apr 25, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ကပ်ပါးမွှားရောဂါ ထိန်းချုပ်ရေးအတွက် အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင် သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွတ် ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေထွက်ကုန်လုပ်ငန်းများဖြစ်သည့် ရတနာသိင်္ဂီအအေးခန်းစက်ရုံ၊ Golden Boy Limited ၊ ကြို့ကုန်း ငါး ပုစွန် အအေးခန်း၊ မြင့်မြတ်ဟိန်း ကုမ္ပဏီလိမီတက်တို့၏ ပြည်ပပို့ကုန် ငါး ပုစွန် အေးခဲလုပ်ငန်းများနှင့် ရေထွက်ပစ္စည်း ကုန်ချောထုတ်လုပ်မှု လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၂ ရက် နံနက်ပိုင်းက မအူပင် - တွံတေးလမ်း မိုင်တိုင် (၂၃/၅-၂၃/၆)ရှိ မဒိုင်းချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

နိုင်ငံတစ်နိုင်ငံတွင် ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေးသည် အလွန်အရေးပါသော ကိစ္စဖြစ်သည်။ လုပ်ငန်းကိစ္စ အရာရာတိုင်းတွင် ကိန်းဂဏန်းအချက်အလက် အထောက်အထားများ တိကျမှန်ကန်စွာ ရရှိနိုင်ပါက ထိုလုပ်ငန်း ကိစ္စရပ်များသာမက အစစအရာရာတွင် ပိုမိုအဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် ကိန်းဂဏန်းအချက်အလက်၊ သုတေသနမှတ်တမ်းများ စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း မြစ်‌ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့် ပင်လယ်ပြင် ကမ်းနီး ကမ်းဝေး ရေငန် ငါးလုပ်ငန်းများရှိရာ ငါး ပုစွန်များ ရေရှည်ထုတ်လုပ် စားသုံးနိုင်ရေးအတွက် အလွန်အကျွံ ဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးမောင်ကို ဦးဆောင်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မုံရွာ-ရေဦး ကားလမ်းဘေးရှိ BOC စက်သုံးဆီအရောင်းဆိုင်သို့ ယမန့်နေ ညနေပိုင်းတွင် အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဆိုင်ရှိ ငွေနှင့်ပစ္စည်းများအား လုယက်ပြီး ဆိုင်ရှိပစ္စည်းများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မြန်မာ့နှစ်ကူးကာလ  ရက်ရှည်ရုံးပိတ်ခဲ့ရာ  ပင်လယ်ကမ်းခြေ များ၌ ပြည်တွင်းခရီးသွားများ၏  အပန်းဖြေခရီးစဉ်များဖြင့် စည်ကားခဲ့သည့်နည်းတူ ပုဂံဒေသတွင်လည်း    ခရီးသွားများဝင်ရောက် ခဲ့မှုကြောင့်   ဒေသခံတို့၏စီးပွားရေးလုပ်ငန်းများ   အဆင်ပြေခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်  နယ်မြေ(၇)  လမ်းသွယ်(၁၄)တွင် မလထော်ခါးတောင်(ခ)အားတောင်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၁  ကီလို  သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးပေါ်ပေါက် ချက်အရ ညနေ ၅ နာရီ မိနစ် ၂၀ တွင် မြစ်ကြီးနား မြို့ ရွှေစက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ  ၁ ဒသမ ၅၉ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင်  နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် (ဒု) ညောင်ပင်ကြီး ကျေးရွာ အုပ်စု (ဒု)ညောင်ပင်ကြီးကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အနီးတွင် အဒူမူနာ့ဖ်နှင့် မာမတ်အာယာ့စ် တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်း ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား   ၃၈၀၀၀  ကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်အတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး မိမိတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရ သည့် နေရာများတွင် ခေတ္တနေထိုင်နေကြရသူများကို နေထိုင် စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်