Skip to main content

Mar 25, 2022

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကာလအတွင်း တိုင်းပြည် အန္တရာယ်ရန်စွယ်များကို တိုင်းရင်းသား လူမျိုးများသည် သတ္တိစွမ်းရည်ပြည့်ဝစွာဖြင့် အတူပူးပေါင်းလက်တွဲ တွန်းလှန်ကာကွယ်ခဲ့ကြသည်။ ၁၉ ရာစု ကာလတွင် ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသသွားတော့မည်ဆိုသော သတင်းက ရုပ်ရှင်ချစ်ပရိသတ်များနှင့် ရုပ်ရှင်လောကသား အားလုံးတို့အတွက် မင်္ဂလာသတင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲတို့တွင် လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့် မြန်မာ့ရုပ်ရှင်မှာ ဒဏ်ရာအနာတရ များစွာနှင့် အထိနာခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်း (Film Industry) ၏ အလွှာ အသီးသီးတွင်

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂)ကြိမ် မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေး ဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာ များ၏ သိရှိလို သည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ယူ တည်ဆောက် ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ မောတောင်လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေ ၊ ဗောဓိကမ်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးတရ်(၁/၂)ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် ဟားခါးမြို့၊ မြစ်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့က ဦးဆောင် ၍ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ ညီလာခံ” သို့ ဝန်ကြီးဌာန၊ နီလာခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရန်အောင်မြေကြိုးဝိုင်း၊ အကွက် အမှတ်(၁၃)ရှိ ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်စိုက်ထူပြီးစီးမှု၊ ကျင်းတူးခြင်း၊ နွားချေး၊ မြေဆွေးထည့်ခြင်း၊ ကျင်းဖို့ခြင်း ဆောင်ရွက်မည့် အစီအမံများ၊ မြေပြိုရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက် စိုက်ပျိုးမည့်အခြေအနေ၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီ နှုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး သမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဥရောပအာရှ စီးပွားရေး ကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး အတွင်းရေး မှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ရုံးအမှတ် (၁) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သားဖွား ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း STAR MART အရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် ရွာကောက် ရန်ကုန်-မန္တလေးလမ်းအနီးရှိ အဆိုပါအရောင်းဆိုင်၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ် ဘဏ္ဍာနှစ်ချုပ် ပိတ်လအတွင်း သက်ဆိုင်ရာအစိုးရဌာနများ၏ ငွေစာရင်းသို့ အခွန်အခများ အချိန်မီရောက်ရှိရေးအတွက် ဘဏ်များအနေဖြင့် CBM-NET ၏ Fund Transfer ကို အသုံးပြု၍ လည်းကောင်း၊ Cheque/PO များ အသုံးပြု၍ လည်းကောင်း၊ လွှဲပြောင်းစာရင်း ရှင်းလင်းခြင်းနှင့် စပ်လျဉ်း၍ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၆ ဦး၊ အမျိုးသမီး ၆၄ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ရာ

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အာဆီယံလမ်းမကြီး AH 112 ဖြစ်သည့် ထားဝယ် - မြိတ် လမ်းပေါ်ရှိ ကျွဲကူး - ကျောက်ဖျာ တံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေလယ်တိုင် M-6 ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းနှင့်ငန်း P1 မှ M5 ကြား Plate Girder ငါးခန်း ဆေးသုတ်ခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှုကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တံတားတစ်ခုလုံး၏ Foundation ကြံ့ခိုင်မှု ၊ Water Level ထိ ချဉ်းကပ်တံတားနှင့် ပင်မရေလည်တိုင် Bored Pile များ၏ Lower Water Level ထိ ရေငုပ်စမ်းသပ် စစ်ချက်ရယူဆောင်ရွက်ရန်၊ P 1 မှ M5 ကြား Plate Girder ၏ သံချေးစား ပျက်စီးမှုများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး ကျွဲကူး - ကျောက်ဖျာ တံတားပေါ်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ပြည်သူ့ဆေးရုံ တိုးချဲ့ သုံးထပ်ဆောင်သို့ ရောက်ရှိပြီး လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ချိန် ပြီးစီးရေးတို့အား အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ် ပြည်သူ့ဆေးရုံ သုံးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းငယ်သည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မတ် ၂၀ ရက် ည ၉ နာရီခွဲ အချိန် တိုင်းတာချက်များအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်းလမ်းကြောင်းကျရောက်ရာ ဒေသများရှိ ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်အထူးသတိပြု နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန် သတိပေးချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်