Mar 24, 2022
တနင်္သာရီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကျွန်းရတနာ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
Mar 24, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝဇီရာ(၈)လမ်းနေ ဇော်လင်းထွန်း(ခ)ဇွဲကို (ခ)ဒီမွန်(ဘ) ဦးကျော်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ နွယ်နီ(၃)လမ်းနေ အထက်တန်းပြ ဆရာမတစ်ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်ရှိ လုံခြုံရေးရဲကင်း စခန်းနှင့် အမှတ်(၃၇)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာတွင် ပါဝင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
Mar 24, 2022
၂၀၂၂ ခုနှစ် မတ် ၂၇ ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Mar 24, 2022
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသည်။
Mar 24, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တပ်မတော်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များပါရှိရာ နိုင်ငံတော်အခြေခံမူများ၌ နိုင်ငံတော်၏အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဟူသော မူတစ်ရပ်လည်းပါဝင်သည်။ ၎င်းအခြေခံမူအရ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ခြင်းအပေါ် ဒီမိုကရေစီစံနှုန်းနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ပြည်တွင်းနိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမား အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လေသံ ပစ်လေ့ရှိသည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် လေ့ရှိသည့် အနောက်အုပ်စုဝင်အချို့ကလည်း ၎င်းတို့၏ နောက်မှကျားကန်ကာ မြှောက်ထိုးပင့်ကော် ဝင်လုပ်လေ့ရှိသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ တပ်မတော်အား ဖယ်ရှားရေးပင် ဖြစ်သည်။
Mar 24, 2022
ခေတ်သမိုင်းအဆက်ဆက်တွင် အနစ်နာခံ၊ စွန့်လွှတ်စွန့်စား စွမ်းဆောင်နိုင်သော အဖွဲ့အစည်းကို ဖော်ပြမည်ဆိုပါလျှင် တပ်မတော်ကိုသာ ညွှန်းဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေးနှင့် ပြည်ထောင်စုကြီးအတွင်း၌ တိုင်းရင်းသားပြည်သူများ လုံခြုံစိတ်ချ တိုးတက်ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် တပ်မတော်သားများသည် စွန့်လွှတ်စွန့်စား၊ အသက်၊ သွေး၊ ချွေးများ မနှေးပေးဆပ်၍ ကာကွယ်စောင့်ရှောက်ပေးနေသောကြောင့် ဖြစ်သည်။
Mar 23, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းအတွက် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Mar 23, 2022
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
Mar 23, 2022
ဘေးအန္တရာယ်ကျရောက်ပြီးနောက် ထိခိုက်သွားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်နှင့် ထိခိုက်သူများကို စိတ်ဓါတ်ပြန်လည် မြှင့်တင်ပေးရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 23, 2022
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ၁/၂၀၂၂ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Mar 23, 2022
(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 23, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Mar 23, 2022
မသန်စွမ်းသူများ၏ အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်အဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Mar 23, 2022
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေး အတွက် ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲ စာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၈၈၂) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်သည်။
Mar 23, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Mar 23, 2022
သထုံမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 23, 2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု ဝဲကျွန်းကျေးရွာ၌ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်တွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်းရိုက်ခတ်မှုများကြောင့် ကမ်းခြေရှိ နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တပ်မတော်(ရေ)မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးသည်။
Mar 23, 2022
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မာရဝိဇရဘုရားကြီးရှေ့ မြတ် မင်္ဂလာလမ်း အရှည်နှစ်မိုင်ခန့် လမ်းဝဲ/ယာ ၁၂ ပေစီ ကွန်ကရစ် လမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း၊ စံပယ်လမ်း အဆင့်မြှင့်တင် ပြုပြင်ဖောက်လုပ်ခြင်း လုပ်ငန်း၊ သံတမန်ဇုန်ရှိ စိမ်းလန်းဧရိယာအတွင်း မြက်ခင်းနှင့် နှစ်ရှည်ပင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်း၊ စံပယ်လမ်းနှင့် ရာဇသင်္ဂဟလမ်း လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေမှုများကိုသွားရောက် စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
