Feb 26, 2022
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” နောက်ဆုံးနေ့နှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) နှင့် ကိုယ်တိုင်တက်ရောက်ခြင်း (In-person) ပူးတွဲလျက် ပေါင်းစပ် (Hybrid) အသွင်ဖြင့် ကျင်းပသည်။
Feb 26, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၂၀၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။
Feb 26, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 26, 2022
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စား ပြုယာဉ် တတိယဆု၊ “တူယှဉ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 26, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူယနေ့ နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် ဟံသာဝတီ အဝိုင်းအနီး ဦးဝိစာရလမ်းအရှေ့ဘက်ခြမ်း အုတ်ရေမြောင်းအား ကြည့်ရှုစစ်ဆေး၍ မြောင်းတစ်လျှောက် အမှိုက်နှင့်မြေကြီးများ တူးဖော်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန် စေရေးအတွက် ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းအကြား အုတ်ရေမြောင်းပြုလုပ်ရန်နှင့် အုတ်ရေမြောင်းနှင့် လူသွားစင်္ကြံအကြား မြေညှိမြက်စိုက်၍ မြေယာရှုခင်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
Feb 26, 2022
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး နှင့်မွေးမြူရေးကို အဓိကထား လုပ်ကိုင်ပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်း များ ပေါကြွယ်ဝသဖြင့် သဘာဝ မြေဩဇာထုတ်လုပ်သည့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ဆောင်ရွက်ကြစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၂/၂၀၂) တွင် ပြောကြားသည်။
Feb 26, 2022
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့ ညနေ ၄နာရီ ခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
Feb 26, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်းအသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၄၀ စုစုပေါင်း ၆၅၄၁၄ ဒသမ ၅၄ တို့ကို ထုတ်ပေးကြောင်း သတင်းရရှိသည်။
Feb 26, 2022
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေ ရေး အသိပညာပေး ဆွေးနွေးပွဲ များကို ဖေဖော်ဝါရီ ၂၅ ရက်က အ.ထ.က(၂) ဗဟန်း၌လည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်က အ.ထ.က (၂) လသာ၌လည်း ကောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် အ.ထ.က (၁) လသာ၌လည်း ကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် အ.ထ.က (၆) ဗိုလ်တထောင်၌ လည်းကောင်း နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပသည်။
Feb 26, 2022
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်သည့် ကနဦး ကန့်ကွက်လွှာကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုကို ၂၅-၂-၂၀၂၂ ရက်နေ့က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျ ကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါသည်။
Feb 26, 2022
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ မျက်မှောက်ကာလအထိ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူတို့ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် တစုတစည်းတည်း၊ တစ်သွေးတည်း တစ်သားတည်း တည်ဆောက်ထားသော တပ်မတော်သည် ပြည်တွင်းရန်၊ ပြည်ပရန် မည်သည့်ရန်စွယ်အန္တရာယ်မျှမကျန်အောင် ရှင်းလင်းဖယ်ရှားနိုင်သည့် အစဉ်အလာ ကောင်းများရှိသည်။
Feb 26, 2022
ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်လာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများနှင့် သင့်လျော်သည့် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီး တွင် ကွဲပြားခြားနားပြီး ရှုမငြီးဖွယ် တောတောင်ရေမြေသဘာဝ အလှအပများစွာရှိသကဲ့သို့ အသွေးအရောင်စုံလင်လှသော တိုင်းရင်းသားလူမျိုးစုများစွာတို့၏ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ် များစွာတို့ကလည်း စိတ်ဝင်စားဖွယ်လေ့လာ၍ မကုန်အောင် ရှိနေရာ ရှာဖွေဖော်ထုတ်နိုင်သည်နှင့်အမျှ ခရီးစဉ် ဒေသအသစ် များစွာတို့ ထပ်မံပေါ်ထွက်လာမည်ဖြစ်သည်။
Feb 25, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 25, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရှိသည့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတွင် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
Feb 25, 2022
ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်များပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများဖြေရှင်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Virtual ဖြင့် ကျင်းပသည်။
Feb 25, 2022
အကြိမ်(၅၀)မြောက် ရွှေရတု မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ နောက်ဆုံးနေ့ကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာနတွင် ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) ဖြင့် ကျင်းပသည်။
Feb 25, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ကလောမြို့၊ နှီးဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပြီး ကျောင်းတိုက် ဆရာတော်ကို သင်္ဃန်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
Feb 25, 2022
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စု အလံတော် သယ်ဆောင်ရေး ဆပ်ကော်မတီ အဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ အခမ်းအနားနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ကျင်းပသည်။
