Skip to main content

Jul 04, 2025

၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို GDP ဖြင့် တိုင်းတာကြသည်။ နိုင်ငံအများက မိမိတို့နိုင်ငံ၏ GDP တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ GDP အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်လျက် ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် ပိုမိုမြင့်တက်လာသည်ဟု သုံးသပ်မှုများရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်မလုပ်နိုင်၍ ဆင်းရဲမွဲတေခြင်းဟူ၍ ဖြစ်နိုင်ခြေနှစ်ရပ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂ ရက်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်နေပြည်သူများ အဓိကထားလုပ်ကိုင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို နေပြည်တော် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)၌ ယမန်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့သင်တန်း ဒုတိယရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပါဝင်ပို့ချဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

၁။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာသဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပုဒ်မ ၃၀ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ကစ္စပနဒီလမ်းနှင့် တော်ဝင်ရတနာလမ်းကြား၊ သစ်ခွလမ်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၃၀ ရက်တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးသည့် နောက်ပိုင်းအဆောက်အအုံများ ပြန်လည်ပြုပြင်မှုများ၊ ပညာသင်နှစ်အလိုက် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ခန်းများ၊ ဌာနခန်းများ၊ ကွန်ပျူတာခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို ဒုတိယပါမောက္ခချုပ်က ရှင်းလင်းတင်ပြမှုအပေါ် သင်ကြားသင်ယူမှုများစနစ်တကျရှိစေရေး အမှန်တကယ်တတ်မြောက်သည်အထိ သင်ကြားနိုင်ရေး ရေရှည်မျှော်မှန်းချက်ထား ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျသည့် အားကစားကွင်း/ အားကစာရုံများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန်လျာထားသည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

စက်မှုဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းအထောက်အပံ့လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2025

ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်