Jul 11, 2021
ကိုဗစ်-၁၉ ကပ်ရောဂါသည် လူတစ်ဦးချင်းစီက မိမိကိုယ်ကို မည်မျှတာဝန်ယူနိုင်သည်ကို စမ်းသပ်နေသည့်သဖွယ်ပင် ဖြစ်သည်။ လွန်စွာ လွယ်ကူရိုးရှင်းသလောက် ရောဂါပိုးကူးစက် မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် နည်းလမ်း ကလေး အနည်းငယ်ကို မပျက်မကွက် ကျင့်သုံးရုံမျှဖြင့် ကိုဗစ်၁၉ ကပ်ရောဂါမှ ရှောင်ရှားနိုင်သည်ကို လူအတော်များများက သိကြသည်။ သိပင်သိသော်ငြားလည်း လက်တွေ့ကျင့်သုံးရာတွင်မူ မှန်မှန်ကန်ကန်၊ တိတိကျကျ ပြုလုပ်သူက နည်းသည်။ သို့ဖြင့် ဗီဇပြောင်းလာသည့် ရောဂါပိုးမျိုးကွဲသစ်တို့ ပေါ်လာသည့်အခါ ကူးစက်နှုန်း၊ ဆေးရုံတက်နှုန်း၊ သေနှုန်းတို့ မြင့်တက်လာသည်။
Jul 10, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 10, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 10, 2021
တိုင်းပြည်တစ်ခုတည်ဆောက်ရေးမှာ သယံဇာတ တွေ၊ နည်းပညာနဲ့ အရင်းအနှီး၊ စီးပွားရေးနဲ့ နိုင်ငံ ရေးစနစ်တွေ အစရှိတဲ့ကိစ္စရပ်တွေကိုပဲ အာရုံစိုက် နေလို့မရဘဲနဲ့ ဒီကိစ္စတွေအားလုံးထက် အခြေခံ ကျတဲ့၊ အရေးပါတဲ့ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်ကြမှသာ အောင်မြင်နိုင်ပါမယ်။
Jul 10, 2021
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပအထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ပြည်တွင်းမီဒီယာတွေ၊ အဆိုးမြင် ပြည်ပမီဒီယာတွေက သတင်းတုသတင်းမှားတွေ ထုတ်ပြန်လျက်ရှိပါတယ်။ သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ အချို့ အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအချို့ကလည်း အဲဒီသတင်းတုသတင်းမှားတွေကို အခြေခံပြီး တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာကို မြင်တွေ့နေရပါတယ်။
Jul 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့် က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
Jul 10, 2021
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင်စက်ရုံ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး နှစ်ထပ်ဆောင် အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
Jul 10, 2021
လူအများအပြားသေကျေစေသော လက်နက် ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ Virtual စနစ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သည်။
Jul 10, 2021
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် တောင်ငူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့သို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 10, 2021
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့၏ (၂/ ၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ၌ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
Jul 10, 2021
နေပြည်တော် ဇူလိုင် ၉
Jul 10, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jul 10, 2021
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာ၌လည်းကောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြင့် လောကနိဗ္ဗာန်ကို တည်ဆောက်ကြသည်ဟုဆိုကြသည်။ လူမှုဘဝနယ်ပယ်တွင် လျှပ်စစ်ဓာတ်အားဖြင့်သာ နေ့စဉ်ရှင်သန်လှုပ်ရှားနေရသည်ကို တွေ့ရမည်ဖြစ်သည်။
Jul 10, 2021
ကမ္ဘာ့လူဦးရေသန်းပေါင်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ်တွင် မြေကမ္ဘာနေ လူသားတို့ လူဦးရေအကြောင်းအရာကို စတင် အာရုံစိုက်လာခဲ့ကြသည်။ တစ်နည်းဆိုရသော် ကမ္ဘာ့လူဦးရေ တစ်စတစ်စများပြားလာသည့်အပေါ် စိုးရိမ်ကြောင့်ကြလာကြခြင်းပင်ဖြစ်ရာ ထုံးစံအတိုင်း ပညာရှင်များနှင့် မီဒီယာတို့မှ စတင်၍ ထုတ်ဖော်ပြောကြားလာခဲ့ရာမှစ၍ ကမ္ဘာ့အရေးကိစ္စတစ်ခုဖြစ် လာပြီး ၁၉၈၉ခုနှစ်မှစတင်ကာ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့တိုင်း ကမ္ဘာ့လူဦးရေနေ့ကို ကျင်းပပြီး လူဦးရေဆိုင်ရာအကြောင်းအရာများကို တစ်ခုပြီးတစ်ခု ခေါင်းစဉ်တပ် အာရုံစိုက်ဆွေးနွေးခဲ့ကြ သည်။
Jul 09, 2021
သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုမှုများအပေါ် ကန့်ကွက်
