Skip to main content

Jun 07, 2021

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက်နံနက် ၇နာရီခွဲတွင် ရန်ကုန်မြို့အထက်ပုဇွန် တောင်လမ်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ပိုင် စက်ဆန်း အုပ်စု(၁၁)၀င်းရှိ မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ တောင်သူအွန်လိုင်းလက်လီ/ လက်ကား ဈေးထုတ်ပိုးသိုလှောင်ရုံနှင့် ဖြန့်ဖြူးရေးစင်တာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

နှစ်ပေါင်းများစွာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် မိမိတို့၏ တွေးခေါ်စဉ်းစားပုံ၊ ပြောဆိုပြုမူပုံများသည် ခေါက်ရိုးကျိုးခဲ့ပြီ။ အရေးအကြောင်းပေါ်လျှင် သက်စွန့်ဆံဖျား တာဝန် ထမ်းရသည်ကိုပင် အားရဝမ်းသာ ပျော်ရွှင်စွာပါဝင်ခဲ့ဖူးသည်။ စိတ်မပါသော အလုပ်မျိုးတွေ ကိုလည်း ကျိတ်မှိတ်အောင့်အည်းသည်းခံကာ ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ရဖူးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

“၁၂၄၇ ခု တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့မှာ နန်းတော် အတွင်းသို့ အင်္ဂလိပ်စစ်သည် တော်များ ဝင်ရောက်လာကြသည်။ မြန်မာတို့၏ထုံးစံအတိုင်း ပုရပိုက်များကို ကျွန်းသေတ္တာကြီး အတွင်း ထည့်သွင်းကာ အလုပ်လုပ်ရာဌာနရှိသမျှနှင့် စာရင်းတိုက်မှာထားကြသည်။ ပုရပိုက် အမှတ်အသားထားသော သေတ္တာများမှာလည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။ ထိုသေတ္တာအတွင်း ပုရပိုက်များနှင့်အတူ ဗောင်း၊ နားတောင်း၊ ဝတ်လုံစသော မင်းခမ်း မင်းများနှင့် ဆိုင်သည့် အဝတ်အစားများ၊ ငွေများ၊ အဖိုးတန်သော အသုံးအဆောင်များကို ထားကြသည်။ အင်္ဂလိပ်စစ်ဗိုလ်၊ စစ်သား စသူများနှင့် ၎င်းတို့၏ နောက်လိုက်များပါ သေတ္တာရှိသမျှကို ဖွင့်လှစ် ယူငင်ကြရာ အချို့မှာ ပစ္စည်းအဖိုးတန်များကို ရကြသည်။ အချို့မှာ ပစ္စည်းကိုမရသော်လည်း ပစ္စည်းရှိမည်အထင်နှင့် သေတ္တာများကို ဖွင့်လှစ်ရှာဖွေသည့်အတွက် ပုရပိုက်များမှာ အခေါက်ပျက်ကုန်ကာ ပစ်ထားလိုက်ကြသည်။”

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်အတွက် စာအုပ်အမှတ်စဉ် ၂၂ ဖြစ်သည့် “အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့ လိုပါပြီနှင့် အခြားဆောင်းပါးများ” ပါဝင်သော မေလတွင် ပထမအကြိမ်အဖြစ်ထုတ်ဝေထားသည့် စာအုပ်ကို စာချစ်သူများ အတွက် မိတ်ဆက်ပေး လိုပါသည်။ ထိုစာအုပ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း နိုင်ငံပိုင်သတင်း စာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် ဖော်ပြပါရှိခဲ့သည့် ဆောင်းပါး ၉၂ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

စိမ်းစိုနေသည့်နှမ်းနှင့် ပဲစိုက်ခင်းများကို လမ်းဘေးတစ်ဖက်စီတွင် တွေ့ရသည်။ နွေကာလ မိုးမရ၍ ခြောက်သွေ့နေရမည့်အစား စိမ်းစိုသန်စွမ်း၍နေသည်။ အချို့နှမ်းပင်များသည် ပွင့်ဖူး၍နေပြန်သည်။ အချို့နေရာများတွင် ရေအပြည့်ဖြင့် စီးဆင်းနေသည့် မြောင်းမကြီးများကို တွေ့ရပြီး တောင်သူများက ထိုရေကိုရယူ၍ ရေပိုက်များဖြင့် စိုက်ခင်းများကို ရေသွင်း၍ စိုက်ပျိုးနေကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ရှိ နယ်မြေခံတပ်အား ဇွန် ၅ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သူ ၃ ဦးက ဆိုင်ကယ်စီးနင်းကာ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့သဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ချင်းတောင်တန်းသာသနာပြုဆရာတော် အရှင်ပညာဇောတသည် သက်တော်(၅၂)နှစ်၊ ဝါတော် (၁၆)ဝါရှိပြီး မင်းတပ်-မတူပီ ကားလမ်းပေါ်ရှိ တွီဒိန်းကျေးရွာတွင် တောင်တန်းသာသနာပြု ကျောင်းဆောက်လုပ်၍ တစ်ပါးတည်း သီတင်းသုံးလျက်ရှိသည်မှာ ၂ နှစ်ခန့်ကြာမြင့်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ တာဝန်ဝတ္တရား ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ အကြမ်းဖက်သောင်းကျန်းသူ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးအား လက်လုပ်သေနတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့်

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ဇွန် ၅ ရက် နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စု၊ စစ်ကွဲကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာမှ လက်နက်မျိုးစုံ ၂၁ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ ပြည်သူတွေကွဲပြားကြ ဖို့လိုပါပြီနှင့် အခြားဆောင်းပါးများစာအုပ်ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

(၂၀၂၁ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်