Dec 23, 2020
ယူနက်စကိုက ပံ့ပိုးစီစဉ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အင်ဒို နီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီတို့၏ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
Dec 23, 2020
ဂျပန်နိုင်ငံအစိုးရအနေဖြင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသောဒေသများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် အထောက်အပံ့များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီ လျက်ရှိသည်။ ယခုအခါ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာဒေသခံများအတွက် ကျန်းမာရေး၊ ရေရရှိရေး၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ( WASH) နှင့် ပညာရေးဆိုင်ရာ အထောက်အပံ့စီမံကိန်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများအတွက် အာဟာရဖွံ့ဖြိုးမှုတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အတွက် အထောက်အပံ့ပေးအပ်ရေးစာချွန်လွှာကို ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Dec 23, 2020
၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ဝတ်ပြုခြင်းအစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ နေပြည်တော် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များကောင်စီက ကြီးမှူး၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ ခရစ္စမတ်ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
Dec 23, 2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆင်ချစ်သူပြည်သူများ ဆန်းသစ်မှုများစွာဖြင့် စိတ်အပန်းဖြေနားနေနိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
Dec 23, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မစ္စတာ ဆာလေ မိုဟာမက် အာမက် အယ်လ်စုခရိ အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိုမန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်း ၊ ခံရသော သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အိုမန်နိုင်ငံအစိုးရ၏ အဆိုပြုချက် ကို သဘောတူပြီးဖြစ်သည်။
Dec 23, 2020
နှစ်ဆယ်ရာစုအကုန်ကစ၊ နှစ်ဆယ့်တစ်ရာစုအဝင်ကာလတွင် ဆူနာမီ၊ ငလျင်၊ တောမီးကြီးများ၊ နာဂစ်ကဲ့သို့သော မုန်တိုင်းကြီးများ၊ ရေကြီး ရေလျှံမှုများ၊ မိုးခေါင်ရေရှား ခြောက်သယောင်းကန္တာရများက တစ်ခုပြီးတစ်ခု မွှေနှောက်ရိုက်ခတ်သွားသည်မှာ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ ဖြစ်ခဲ့လေသည်။
Dec 23, 2020
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဉ်တွေ့ရှိမှုနှုန်း လျော့နည်းကျဆင်းလာသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိပြီဖြစ်သည်။ နေ့စဉ်ရောဂါပိုးတွေ့ရှိမှုမှာ လူနာ ၂၀၀၀ မှ ၁၅၀၀၊ ၁၀၀၀ နှင့်အောက်သို့ကျဆင်းနေသည်မှာ ဝမ်းသာစရာအခြေအနေဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လူနာ ၁၀၀၀ အောက်မှ ၅၀ဝ အောက်သို့ပင် ကျဆင်းလာသဖြင့် မြန်မာနိုင်ငံအတွက် အလားအလာကောင်းတစ်ခုဖြစ်လာပြီဟု ဆိုနိုင်သည်။
Dec 22, 2020
လွိုင်လင်မြို့တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Dec 22, 2020
ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက် ဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာန၌ ကျင်းပသည်။
Dec 22, 2020
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျှက်ရှိသည်။
Dec 22, 2020
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
အင်းတော်မြို့နယ်၊ အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်ည ၁၁ နာရီခွဲတွင် အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ နဘားကျေးရွာအနီး တွင် အိုက်ငို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကိုလင်း(ခ)ငလင်း မောင်းနှင်လာသော မော်တော်ဆိုင် ကယ်တို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကိုလင်း(ခ)ငလင်းမှာ ဆိုင်ကယ်ထား၍ ထွက်ပြေးသွားသော ကြောင့် ၎င်းဆိုင်ကယ် ၂ စီးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂,၉၄၀ ကိုလည်းကောင်း။
Dec 22, 2020
နေပြည်တော် ဒီဇင်ဘာ ၂၂
ကြံသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
Dec 22, 2020
(၁၅) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တို့အကြား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 22, 2020
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 22, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနနှင့် International Justice Mission (IJM) တို့ပူးပေါင်း၍ "Trauma Informed Care" သင်တန်းကို Online Training အဖြစ် ကျင်းပသည်။
Dec 22, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ် (Online Community COVID Counselling-CCC) ကို ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိဝန်ဆောင်မှုပေးနေသည့် Hotline ဖုန်းများအနက်မှ ၀၉ - ၇၇၀ ၇၇၀ ၀၀၁ (Telenor)၊ ၀၉ - ၇၇၀ ၇၇၀ ၀၁၁ (Telenor)၊ ၀၉ - ၉၈၀ ၀၀၀ ၁၁၂ (Ooredoo)၊ ၀၉ - ၉၈၀ ၀၀၀ ၁၁၃ (Ooredoo) တယ်လီဖုန်းနံပါတ်များသို့ အခမဲ့ခေါ်ဆို၍ ဝန်ဆောင်မှု ရယူနိုင်ကြောင်းနှင့် နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင်မှု ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
Dec 22, 2020
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်းနှင့် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းရှင်များ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည်။
Dec 22, 2020
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Initiative for ASEAN Integration (IAI) Work Plan IV (2021-2025) ရေးဆွဲချမှတ်ထားပါသည်။ ၎င်း Work Plan ကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် Annual Initiative for ASEAN Integration (IAI) Review Virtual Meeting အား ယမန်နေ့တွင် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝ တက်ရောက်ဆွေးနွေးခဲ့သည်။
Dec 22, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ရန်ပုံငွေဖြင့် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီး ၉ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Dec 22, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွှားမှုလျော့နည်း ပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ၁၄:၀၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆၈/၂၀၂၀)အား ကျင်းပပြုလုပ်ခဲ့သည်။
