Sep 03, 2020
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်း အစည်း အဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် စက်တင်ဘာ(၁) ရက်မှ (၄) ရက် အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးတို့ ပါဝင်တက်ရောက်ကြကာ စီမံကိန်းဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၁၂)ဦးတို့က လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။
Sep 03, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံ၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၁၄၃) ဦးအား တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် All Nippon Airways (ANA) All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Sep 03, 2020
၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 03, 2020
စင်ကာပူနိုင်ငံတွင် စာချုပ်သက်တမ်းကျော်လွန်၍ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၂၈ ဦးအား မြန်မာအမျိုးသားလေကြောင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Sep 03, 2020
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၃ ရက်မှ စတင်၍ ကျင်းပလျက်ရှိသည့် International Army Games-2020 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၁ ရက်တွင် အကြိုဗိုလ်လုပွဲဖြစ်သော လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ပွဲစဉ်(၁)ကို အာဆီယံဒေသတွင်း ပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ်တင့်တပ်ဖွဲ့နှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့သဖြင့် ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင် ခဲ့ကြောင်း သိရသည်။
Sep 03, 2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင် ပြည်နယ်အတွင်းရှိ IDP တိုက်ပွဲရှောင် စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စု များအား စားသောက်ကုန်ငါးမျိုး ဝယ်ယူရန် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၁ ရက်တွင် Virtual Meeting ဖြင့် ကျင်းပ ခဲ့သည်။
Sep 03, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းများ ထုတ်ပြန်သည့်အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။
Sep 03, 2020
မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ညပိုင်းနှင့် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း နောက်ဆုံးဓာတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ပေါ်ထွက်ခဲ့ပြီး အတည်ပြုလူနာ စံချိန်ကျိုးခဲ့ပါသည်။ ထို ၁၀၀ ထဲတွင် ၁၈ ဦးသည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပြည်ပခရီးသွား ရာဇဝင်မရှိသူများ၊ ပိုးတွေ့ အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသူများ ဖြစ်နေသည်။
Sep 03, 2020
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁ဝဝဝ ပြည့်ရန် ငါးဦးသာလိုတော့သည်။ နောက်တစ်နေ့ဆိုလျှင် ပြည့်ရုံသာမက ကျော်လွန်သွားလိမ့်မည်ဟူ၍လည်း မှန်းဆကြည့်မိသည်။ ပြည်တွင်းကူးစက်မှု အများအပြား ရုတ်တရက် ထွက်ပေါ်လာချိန်မှစ၍ ရောဂါအတည်ပြုလူနာ အရေအတွက်မှာ တရိပ်ရိပ်တိုးလာနေပြီဖြစ်သည်။
Sep 02, 2020
၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 02, 2020
မြန်မာနိုင်ငံတွင် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics) ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပြမြေပုံရေးဆွဲနိုင်ရေး၊ Logistics ကဏ္ဍနှင့်ဆက်စပ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရေးနှင့် သင့်တော်သော စည်းမျဉ်းစည်းကမ်းများနှင့် Logistics လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အထောက်အပံ့ပေးနိုင်မည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆိုင်ရာ အစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 02, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၃၀ ဘီလီယံ ရယူရေးဆိုင်ရာ နှစ်နိုင်ငံအစိုးရများအကြားလဲလှယ်မှု စာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ် (Loan Agreement) တို့အား စက်တင်ဘာ ၁ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် JICA တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
Sep 02, 2020
ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့ အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် (ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 02, 2020
မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတော့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆုတ်(၂)ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
Sep 02, 2020
ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 02, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Sep 02, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသည်။
Sep 02, 2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီက ယနေ့ နံနက် ၁၀ နာရီတွင် ပန်းတနော်မြို့နယ်ရှိ စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 02, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာ ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျောင်းကုန်းမြို့နယ်အတွင်း စွန့်လွှတ်မြေများ ပြန်လည် ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Sep 02, 2020
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် စီစဉ်ကျင်းပသည့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ ကြီးအုံကြီးဝတမံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြားပြီး ငါးမျိုးစိတ်များ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
