Nov 03, 2020
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြသည်။
Nov 03, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ကြီးကြပ်၍ ကမ်းဝေး ငါးဖမ်း သင်္ဘာများ အချိန်မီပင်လယ်ပြင်ထွက် နိုင်ရေးအတွက် ကမ်းရိုးတန်းတိုင်း ဒေသကြီးဖြစ်သော ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများသည် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ငါးဖမ်းစက်လှေ များသို့သွားရောက်၍ ငါးဖမ်း၊ ငါးသယ် ရေယာဉ်များတွင် တပ်ဆင်ထားသော တည်နေရာ သတင်းအချက် အလက်ပေးပို့သည့် VMS စက်များ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြောင်းရွှေ့ တပ်ဆင်ခြင်း များ လုံးဝ(လုံးဝ) မပြုလုပ်စေရေး ညွှန်ကြားချက်နှင့်အညီ ကမ်းဝေး ငါးဖမ်းလှေများ၏ VMS များအား ချိပ် တံဆိပ်ကပ်နှိပ်ခြင်း ဆောင်ရွက် လျက်ရှိသည်။
Nov 03, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား များအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီ တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 03, 2020
ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒ နှင့်အညီ ဦးစားပေးဆုံးဖြတ်သည့်နိုင်ငံရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင် မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကိုပြဋ္ဌာန်းထားသော စည်းကမ်း ဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။ ။
Nov 03, 2020
သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏ စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ ။
Nov 02, 2020
UEHRD ကော်မတီ (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ ပထမနဲ့ ဒုတိယအကြိမ်တွေကို နေပြည်တော်မှာ ပုံမှန်အတိုင်း အခမ်းအနားတွေကို ခမ်းနားစည်ကားစွာ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် ပုံစံတစ်မျိုးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားကို အွန်လိုင်းကတစ်ဆင့် လုပ်ခဲ့တာဖြစ်တယ်။ ယခုအချိန်မှာ ပြည်တွင်းပြည်ပအခမ်းအနားတွေကို အွန်လိုင်းကတစ်ဆင့် ကျင်းပနေတာဖြစ်ပါတယ်။ နည်းပညာအားကိုးပြီး သပ်သပ်ရပ်ရပ်လုပ်ကိုင်နိုင်ခဲ့ တယ်။
Nov 02, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တကာတွင် လူမှုစီးပွားဘဝ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး အချို့နိုင်ငံများ အကျဘက်သို့ ဦးတည်နေသည်။ ထိခိုက် မှုကို ပြန်လည်ကုစားရန် မိမိတို့ အခြေခံအင်အားအပေါ် မူတည်၍ နိုင်ငံအသီးသီးက ကြိုးစားလျက်ရှိကြသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိမှာရှိသည့် အခြေခံအင်အားကို အပြည့်အဝအသုံးချကာ နိုင်ငံအတွင်းရှိ ဒေသအလိုက် အသားကျနေပြီးဖြစ်သော အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍများကို မြှင့်တင်ခြင်းမှတစ်ဆင့် နိုင်ငံ တော်၏ စီးပွားရေးအရှိန်ကိုမြှင့်တင်ရန် လိုအပ်သည်။
Nov 02, 2020
မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံ သား ၂၈၀ အား မလေးရှားနိုင်ငံ အစိုးရ အစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ပျံသန်း ပြေးဆွဲလျက် ပြန်လည်ပို့ဆောင်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး(အောက်ပုံ) သက်ဆိုင်ရာ တာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံခဲ့သည်။
Nov 02, 2020
ယခုနိုဝင်ဘာလဆန်းသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကာလ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ၌ ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရခြင်း ဖြစ်သည်။ ကိုဗစ်ကလည်းအရေးကြီး၊ ရွေးကောက်ပွဲက လည်းအရေးကြီးဖြင့် အထူးသတိထားလုပ်နေရသည့်အချိန် ဖြစ်သည်။ ယခုအခါ ကြိုတင် ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်သည်။ မကြာမီတွင် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့ မည်ဖြစ်သည်။
Nov 02, 2020
စေတနာနံ ကမ္မံ ဘိက္ခဝေ အဟံ ဝဒါမိ။
စေတနာကို ကံဟူ၍ ငါဘုရားသည် ဟောတော်မူ၏ဟု ဆိုပါ သည်။ ပြုပြုသမျှသော ကောင်းမှု မကောင်းမှုတို့တွင် စေတနာ သည် အရေးကြီး၏။
Nov 01, 2020
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
Nov 01, 2020
တိုင်းပြည်တစ်ပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတို့တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရေး စသည်တို့ကို ဖန်တီးတည်ဆောက် ကြရာ၌ သက်ဆိုင်ရာကဏ္ဍ အလိုက် အားကောင်းခိုင်မာ သည့် စည်းကမ်းစနစ်ကောင်းမွန်မှုနှင့် တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှုအားကောင်းသော လူသားအရင်းအမြစ်များ တက်ညီ လက်ညီ ပါဝင် လာရန်လိုအပ်ပါသည်။
Nov 01, 2020
ကမ္ဘာတစ်လွှား၊ မြန်မာနိုင်ငံတစ်လွှား၌ ကိုဗစ်ရောဂါကူးစက် ပြန့်ပွားပြီဟု သိသည့်ခဏတွင် လူတို့တွင် ပထမဆုံးဖြစ်ပေါ်သော ခံစားမှုမှာ စိုးရိမ်စိတ်ဖြစ်၏။ စိုးရိမ်စိတ်နှင့် တွဲကပ်လာသည်မှာ စိတ်ပူပန်မှု။
Oct 31, 2020
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ Covid-19 ကပ်ရောဂါ ဘေးကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့ သမိုင်းဝင် မဟာ ပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ် ပူဇော်တော်မူကြသည်။
Oct 31, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Oct 31, 2020
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား ဟောင်းများနှင့် မြန်မာအသိုက် အဝန်း မိသားစုများမှ N95 Face Mask (၇,၃၀၀)၊ Surgical နှင့် Disposable Face Mask (၈၄,၀၀၀)၊ Face Shield (၉,၁၀၀) နှင့် Disposable CPE Gown (၅၄၀) အပါအဝင် အခြား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။
Oct 31, 2020
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Oct 31, 2020
ယမန်နေ့မှအဆက်
လုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းများ
Oct 31, 2020
ရန်ကုန် အောက်တိုဘာ ၃၀
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူး လေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
