Aug 23, 2020
KBZ MS General Insurance ၏ ကျန်းမာပြည့်၀လုံခြုံစိတ်ချ ကိုယ်စားလှယ်ဘ၀အစီအစဉ် (Agent Health and Wellness Safeguard Program)အဖြစ် ထိပ်တန်းအာမခံ ကိုယ်စားလှယ်များကို ကျန်းမာရေးနှင့် အသက်အာမခံအကာအကွယ်များ ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Strand Square တွင် ကျင်းပရာ ရှေးဦးစွာ KBZ MS General Insurance ၏ Vice Chairman ဦးညိုမြင့်က အဖွင့်အမှာစကားပြောကြားပြီး Chief Executive Officer Mr.Anil Mancham က နှုတ်ခွန်းဆက်စကားပြောကြားသည်။
Aug 23, 2020
တိုင်းပြည်တွင် ဆောင်ရွက်နေသောအရေးကိစ္စများသည် ပြည်သူအတွက် ဖြစ်ပြီး ပြည်သူအတွက် ဆောင်ရွက်နေသောကိစ္စများ သည်တိုင်းပြည်အတွက် ဖြစ်သည်။ တိုင်းပြည်နှင့်ပြည်သူ အတွက် ဆောင်ရွက်ရာတွင် ပြည်သူသည်သာ အဓိကဖြစ်ပြီး ပြည်သူလူထု တာဝန်သိသိပါဝင်လာခြင်း မရှိပါက တိုင်းပြည် အတွက်လည်းကောင်း၊ ပြည်သူအတွက်လည်းကောင်း ဆောင်ရွက်ချက် များမှာ အချည်းနှီးဖြစ်မည်။ ပြည်သူများသည် တိုင်းပြည်အကျိုးပြု ကိစ္စများတွင် တာဝန်သိစွာဖြင့် ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Aug 23, 2020
ရွေးကောက်ပွဲကျင်းပချိန်နီးလာသည်နှင့်အမျှ နိုင်ငံတွင်း၌ နိုင်ငံရေး ပါတီများ လှုပ်ရှားလာကြ သည်ကို တွေ့မြင်ရပါသည်။ ဒီမိုကရေစီစနစ် တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုသည်နှင့် နိုင်ငံရေး ပါတီများဆိုသည်က အရေးပါသည့် လိုအပ်ချက်များဖြစ်ပါသည်။ အချုပ် အခြာအာဏာကို ပြည်သူလူထုက ပိုင်သည်၊ ပြည်သူလူထု၏ လက်ဝယ် တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်သည်ဟူသည့် ဒီမိုကရေစီ စနစ်၏ အခြေခံမူအရ ထိုအချုပ်အခြာအာဏာ ကို ပြည်သူလူထုက မည်သူ့ ထံကို လွှဲအပ်တာဝန်ပေးမည်ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲများကျင်းပခြင်းနည်းဖြင့် စီမံပေးရ၏။
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
Aug 22, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် မလေးရှားနိုင်ငံရှိ Agensi Perkerjaan Smlh Sdn Bhd အပါအဝင် ကုမ္ပဏီ (၁၀) ခုတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၅) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ၎င်းကုမ္ပဏီများ၏ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
Aug 22, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဧရာ၀တီတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ COVID -19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ဖြင့် တောင်သူလယ်သမားများ၏အကျိုးကို ရှေးရှုကာ ထွန်ယက်ခနှုန်းထားများကို တစ်ဧက ထွန်ယက်ခ ငွေကျပ် ၇၅၀၀ မှ ယခုအခါ ငွေကျပ် ၆၅၀၀ သို့ လျှော့ချကာ ထွန်ယက်ရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Aug 22, 2020
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။
Aug 22, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန် ရှိသူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးသည်။
Aug 22, 2020
ဧရာဝတီမြစ်အတွင်း ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နယ်သာလန်အခြေစိုက် DAMEN SHIPYARDS GORINCHEM ကုမ္ပဏီမှဝယ်ယူခဲ့သော အရည်အသွေးမြင့် “ဧရာမောင်” နှင့် “သလ္လာမောင်” သောင်တူး ရေယာဉ်အသစ် နှစ်စီး (Cutter Suction Dredger-CSD 500)အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းရှိ JV of Myanmar Shipyards-AMECC ရုံးဝင်းအတွင်း၌ ကျင်းပသည်။
Aug 22, 2020
နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပါသည်။ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ် လေ့ရှိပါသည်။
Aug 22, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းများသည် လုပ်ပိုင်ခွင့် အာဏာကိုစွဲကိုင်၍ အဂတိလိုက်စားမှု ကျူးလွန် နေခြင်း အပေါ် ဖြစ်စဉ်အမှန်ကို ဖော်ထုတ် ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
Aug 22, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတို့၌ အခက်အခဲကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသား ၉၇ ဦးတို့အား ဒုတိယကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 22, 2020
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း များနှင့် IDP စခန်းများတွင် နေထိုင် ကြသော အိမ်ထောင်စုများအား အစိုးရ ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ် (CERP) အရ စားနပ်ရိက္ခာ အတွက် ငွေကြေးထောက်ပံ့ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစီအစဉ် အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိ ရန် ယာယီအဆောက်အဦများ ဆောက်လုပ်နိုင်ရေး ရန်ပုံငွေ ထောက်ပံ့ခြင်းတို့ကို ယနေ့နံနက် ပိုင်း
Aug 22, 2020
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေ စီမံ ခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 22, 2020
(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေး၏ ဩဂုတ် (၂၁) ရက်နေ့သည် မင်္ဂလာ ရှိသော နေ့တစ်နေ့ ဖြစ်သည်။ မင်္ဂလာရှိသည့်အပြင် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ကောင်းသောနေ့လည်းဖြစ်သည်။ ထိုနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို သဘောတူနိုင်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် ဖွယ်ဖြစ်ရသည်။ ထိုနေ့သည် ၂ဝ၂ဝ ပြည့် အလွန်ကာလအတွက် လမ်းသစ်ဖောက်သောနေ့ ဖြစ်သည်။
Aug 22, 2020
ပြည်တွင်း၌ အချင်းချင်းကူးစက်ပြန့်ပွားမှု မရှိသည်မှာ တစ်လခန့် ကြာခဲ့သည့်နောက်တွင် ပြည်တွင်း ကူးစက်မှု စတင်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါသည်။ စစ်တွေမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ စတင်တွေ့ရှိပြီး ငါးရက်ခန့်အကြာတွင် ရောဂါပိုးထပ်မံ တွေ့ရှိသူ လေးဆယ်ကျော် ရှိလာ သည့်အတွက် လွန်စွာဂရုထားနေထိုင်ရမည့် အခြေအနေဖြစ်ပါသည်။
Aug 21, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ခဲ့သည်။
Aug 21, 2020
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
Aug 21, 2020
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံ ခြင်းလုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2020
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သတ္တသတ္တာဟစေတီတော်(သံဝေဇနိယလေးဌာန–ဖွား၊ ပွင့်၊ ဟော၊ စံ—)၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Aug 21, 2020
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကား ပြောကြားသည်။
