Jan 30, 2020
လူတို့ အသက်ရှင်သန်ရန်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို ရရှိ စေရန်အလို့ငှာ အစားအစာကို မဖြစ်မနေစားကြသည်။ ယင်းသို့ မဖြစ်မနေ စားကြရသည့် အစားအစာသည်လည်း သန့်ရှင်းရန်၊ ကျန်းမာရေး နှင့် ညီညွတ်ရန်လိုသည်။ စားလိုက်သည့် အစာအာဟာရတို့ မသန့်မရှင်း၊ ဘေးမကင်းပါက အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်။
Jan 30, 2020
မျက်မှောက်ကာလသည် နိုင်ငံတော်အစိုးရက တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးနေသော အချိန်ကာလဖြစ်သည်။ တိုင်းရင်းသားဒေသများမှာ သွားလာမှုခက်ခဲပြီး ဝေးလံသောကြောင့် အနေဝေးကာ ဖွံ့ဖြိုးမှုနည်းခဲ့သည်။ တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝမြင့်မား တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာ တိုင်းရင်းသားအချင်းချင်း ချစ်ခင် ရင်းနှီးမှုဖွံ့ဖြိုးပြီး ပြည်ထောင်စုကြီး အေးချမ်းသာယာမည်ဖြစ်၍ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။
Jan 30, 2020
သုံးလတစ်ကြိမ်ထုတ် မြန်မာရေးရာ (Myanmar Affairs) အမှတ် ၁၄၊ ဇန်နဝါရီ ၂၀၂၀ ထွက်ရှိ လာသည်
Jan 29, 2020
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကို ထုတ်ပြန်ခဲ့သည်။ မူဝါဒသစ်အရ မူးယစ်ဆေးစွဲခြင်းကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်လာခဲ့သည်။ မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ အကျဉ်းသားဦးရေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေး သုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရသူများဖြစ်သည်ကို တွေ့ရှိ ရကြောင်း၊ မြစ်ကြီးနား၊ လားရှိုးစသည့် အချို့အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့်ကျသည့် အကျဉ်းသား ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်မားနေကြောင်း၊ အကျဉ်းထောင် များ၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများတွင် ဝန်ထုပ်ဝ
Jan 29, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က အဖွင့်အမှာစကား ပြောကြားသည်။
Jan 29, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
Jan 29, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
Jan 29, 2020
မောင်တော ဇန်နဝါရီ ၂၉
ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိ ကြပြီး အငူမော်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တွေ့ဆုံသည်။