Nov 07, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Poly-technic University များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Nov 07, 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် မြို့နယ်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
Nov 07, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး(UNOPS)၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 07, 2025
ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Nov 07, 2025
(၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများ အသင်း(ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်အဖြစ် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ ကျင်းပသည်။
Nov 07, 2025
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိမိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား - ယနေ့ကျရောက်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ် အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
Nov 07, 2025
မြန်မာနိုင်ငံတွင် လူဦးရေနှစ်စဉ်တိုးပွားလာသည့်အလျောက် အထူးသဖြင့် မြို့ပြနေလူဦးရေမှာ တစ်နေ့တခြား များပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ကြီးများတွင် လူဦးရေထူထပ်လာသည်နှင့်အတူ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နေပြည်သူလူထု နေထိုင်မှုဘဝနှင့် ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် နိုင်ငံတော်က စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အားသာချက်၊ အားနည်းချက်များ ကိုထုတ်ဖော်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာတို့က ဆောင်ရွက်ကြရမည်ဖြစ်သည်။
Nov 07, 2025
နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့်၊ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည့် ဝန်ထမ်းကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်နည်းအားဖြင့် နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကို ဆောင်ကြဉ်းပေးရန်အတွက် နိုင်ငံ့ဘဏ္ဍာငွေမှ အခကြေးငွေကို ရယူခံစားနေကြသူများဟုလည်း ဆိုနိုင်သည်။
Nov 06, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်က နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Nov 06, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Nov 06, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ အဘယာရာမ ပရိယတ္တိစာသင်တိုက်ကျောင်းတိုက်အတွင်း၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 06, 2025
ပြည်သူများအား နှိပ်စက်ညှင်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော တောင်ခမ်းမြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် အဆိုပါဒေသတစ်ဝိုက်တို့ရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အဆိုပါမြို့များကို ဒေသခံပြည်သူများ၏လက်ဝယ်သို့ ပြန်လည်အပ်နှင်းနိုင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက သီပေါမြို့နယ်၊ မန်လီကျေးရွာရှိ နယ်မြေခံတပ်၌ ကြိုဆိုဂုဏ်ပြုကြသည်။
Nov 06, 2025
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Nov 06, 2025
(၃၇)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 06, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw) နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Nov 06, 2025
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ လေးခန်းတွဲ၊ လေးထပ်ဆရာဝန်အိမ်ရာတစ်လုံးတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံ တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
Nov 06, 2025
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၄ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်၍ အမျိုးသားစာပေဆုများပေးအပ်ချီးမြှင့်ရန် စာရေးဆရာ၊ ဆရာမများ၏အမည်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ သို့ပါ၍ စာပေနယ်ပယ်အသီးသီးမှ အမျိုးသားစာပေဆုရရှိသည့် စာပေပညာရှင်များနှင့် မေးမြန်းထားသည်များကို ရေးသားလိုက်ရပါသည်။
Nov 06, 2025
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဖွင့်လှစ်သည့် “Satellite- based Broadcast Technology ” သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Conference ခန်းမ၌ ကျင်းပသည်။
Nov 06, 2025
PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရ အရေးယူခံရနိုင်သည်
