Nov 08, 2025
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သရက်-ကံမကားလမ်းအတိုင်း အရပ်သားပြည်သူများ မောင်းနှင်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ရှိ အပြစ်မဲ့ပြည်သူ အမျိုးသား နှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
Nov 08, 2025
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုဘဝ အေးချမ်းသာယာ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများသည် သဲဖြူကုန်းမှ သီလဝါသို့ပြေးဆွဲသည့် အမှတ် (၆၈၆) အစုန် ကျောက်ရထားအား ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
Nov 08, 2025
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ တပ်မတော်မှလည်း နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူနှင့်အတူ လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 08, 2025
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Nov 08, 2025
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Nov 08, 2025
၂၀၂၅ - ၂၀၂၆ ခုနှစ် အာရှအမျိုးသမီးချန်ပီယံလိဂ်ဖလား အုပ်စု (င) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ရာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီတွင် မြန်မာအမျိုးသမီးကလပ် အား/ကာသိပ္ပံ (ISPE) အသင်းနှင့် တောင်ကိုရီးယား ဆူဝန်အမျိုးသမီးကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
Nov 08, 2025
နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်နေသော CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် PDF အမည်ခံအကြမ်းဖက်သမားများကို မွေးထုတ်ပေးကာ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေရန် ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ပူးပေါင်းကာ ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် နိုင်ငံတော်မှ ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော အစိုးရဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုးသိမ်းဆည်းထားသောပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ လက်နက်အားကိုး၍ ပြည်သူလူထုထံမှ အတင်းအဓမ္မဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသများ၌ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အစိုးရအုပ်ချုပ်မှုအဆောက်အအုံများ၊ နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို ထမ်းဆောင်ကြရမည့် ပညာတတ်လူငယ်လူရွယ်များကို မွေးထုတ်ပေးနေသည့် စာသင်ကျောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ပြည်သူများ အဓိက သွားလာအသုံးပြုလျက်ရှိ သည့် လမ်း၊ တံတားကြီးများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသဖြင့် ၎င်းတို့ရောက်ရှိရာ ဒေသများရှိ ပြည်သူလူထုများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ကျလျက်ရှိသည်။
Nov 08, 2025
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) သို့ တက်ရောက်သည်။
Nov 08, 2025
၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
Nov 08, 2025
မြန်မာနိုင်ငံမှ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ Authorized Economic Operator – AEO အဖြစ် အသိအမှတ်ပြုကုမ္ပဏီများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ UPG Paint & Coating Co., Ltd. နှင့် ရန်ကုန်တိုင်းဒေသကြီး သီလဝါဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ Wilmar Myanmar Riceland Limited တို့ကို မြန်မာ့အကောက်ခွန်နှင့် အာဆီယံနိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ အကောက်ခွန် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့တို့က မြေပြင်ကွင်းဆင်းပူးပေါင်းအကဲဖြတ်အတည်ပြုခြင်း (Joint Validation)ကို နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 08, 2025
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များ အာဟာရဓာတ်ပြည့်ဝစွာ ရရှိနိုင်စေရေး၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသော အစားအစာများ စားသုံးတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသော ကျောင်းသား လူငယ်များဖြစ်လာစေရေးရည်မှန်း၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Nov 08, 2025
၂၀၂၅ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2025
(၁၇) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
Nov 08, 2025
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၈) နှင့် A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Nov 08, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi နှင့် ဆော်ဒီအာရေဗျ သံအမတ်ကြီး Mr. Saud bin Abdullah Al Subaie တို့ကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Nov 08, 2025
နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကော့လှိုက်ကျေးရွာ၌ ကျင်းပသည်။
Nov 08, 2025
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Nov 08, 2025
ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2025
ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တက်ရောက်သည်။
Nov 08, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်မြို့တွင် ကျင်းပလျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့် ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဆက်လက်တက်ရောက်သည်။
