Jan 10, 2025
“အာဆီယံအတွင်း မြန်မာနိုင်ငံ၏အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက် အထိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 10, 2025
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (မြောင်းမြ) ၏ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပပြုလုပ်သည်။
Jan 10, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ကျင်းပသည့် ကချင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့်စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်သည်။
Jan 10, 2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းတွင် မကွေးမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2025
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်ရည်ရွယ်၍ လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 10, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း / အမှုထမ်းများနှင့် ဇန်နဝါရီ ၈ ရက်က မြစ်ကြီးနားလူထုအခြေပြုဗဟို ဌာန(Community Centre)၌ တွေ့ဆုံသည်။
Jan 10, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 10, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RYZHENKOV တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။
Jan 10, 2025
ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ် General Detnitit Luangngamkum ဦးဆောင်သည့် ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ကြသည်။
Jan 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။
Jan 10, 2025
ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Keynote Address ပြောကြားသည်။
Jan 10, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့လျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံ ကာတာနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ် တာနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
Jan 10, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
Jan 10, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါစခန်းနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jan 10, 2025
ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ထူးမြတ်သည့်အခါသမယတွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Jan 10, 2025
ယခုရက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွားလျက်ရှိသည့် နိုင်ငံတကာသတင်းများကို ကြားသိနေရသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် အကူးအပြောင်းနှစ်သစ်ကူးကာလတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားစေတတ်သော (HMPV) ဗိုင်းရပ်စ်ပိုး ရောဂါကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြသည်ကို တွေ့ရသည်။
Jan 10, 2025
Human Metapneumovirus (HMPV) ခေါ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိရာ မိမိတို့၏အိမ်နီးချင်းနိုင်ငံအချို့တွင် အဆိုပါရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် အကြောက်မပြေသေးခင် HMPV ထွက်ပေါ်လာခြင်းနှင့် ၎င်းစတင်သည့်နေရာသည် တရုတ်နိုင်ငံဖြစ်ခြင်းတို့က ကမ္ဘာ့သတင်းမီဒီယာများအတွက် ရေးကွက်ဖြစ်နေပြီး သာသာထိုးထိုး သတင်းတင်ပြပုံမျိုးကလည်း စိုးရိမ်ဖွယ်ရာကို ဖြစ်စေတတ်သည်။
Jan 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 09, 2025
ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
