Jan 09, 2025
ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)
Jan 09, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 09, 2025
အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Jan 09, 2025
မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌနှင့် မူဆယ်ရုံးခွဲဥက္ကဋ္ဌ ဦးရှင်ဖူးနှင့် အလုပ်အမှုဆောင်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲအစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၅ ရက်က တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့၌ ကျင်းပခဲ့သည့် ရွှေလီ - မူဆယ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။
Jan 09, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှ တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအား မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jan 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ် ရေဝေချောင်း (ပိတောက်ချောင်း) နှင့် ကျောက်ဆည်ချောင်း (ငါးရံ့ချောင်း) တို့အပေါ်၌ တည်ဆောက်ထားသော ကင်းသာရေထိန်းတမံတွင် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jan 09, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသော နယ်မြေကို “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Jan 09, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၄ ဒသမ ၇၅၆၄ တန်၊ သစ်မာ ၃ ဒသမ ၀၆၇၆ တန်၊ အခြား ၂၀ ဒသမ ၇၄၃၆ တန် စုစုပေါင်း ၃၈ ဒသမ ၅၆၇၆ တန်၊ ယာဉ်/ ယန္တရား ရှစ်စီး၊ တရားခံ ၂၀ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှ သိရသည်။
Jan 09, 2025
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ စိုးသူအောင် (ခ) ဇင်ဇင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ၊ အိုက်စ် သုညဒသမ ၉ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကျိုင်းတုံမြို့ ရပ်ကွက် (၃) ရှိ စိုင်းယီ တစ် (ခ) ယီနွဲ့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Jan 09, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 09, 2025
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက အမှတ် ၃၉၂/၃၉၆ ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အမှာစကားပြောကြားပြီး ကောင်စီဒုတိယဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၂) တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်များကို ကောင်စီဝင်များအားလုံး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
Jan 09, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ၊ ပထမဆုရ “စောပုလဲမယ်” ရေးသားသည့် “ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ” စာအုပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိပါသည်။
Jan 09, 2025
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 09, 2025
ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHEN-KOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၉ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသည်။
Jan 09, 2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြည်ညိုကြသည်။
Jan 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် မွေးမြူရေးဇုန် (၃) ရှိ SUNJIN Myanmar Co.,Ltd. ၏ အအေးခန်းမွေးမြူရေးစနစ် (Cooling System) မျိုး ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ ခြံတာဝန်ခံက မွေးမြူရေးခြံအတွင်း မျိုးဝက်မ အကောင် ၁၂၀၀၊ မျိုးဝက်သိုး အကောင် ၂၀ မွေးမြူထားရှိမှုနှင့် တစ်နှစ်လျှင် သားပေါက်ကောင်ရေ ၃၀၀၀၀ ကျော် ရောင်းတမ်းဝင်အဖြစ် ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Jan 09, 2025
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Jan 09, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာ အနူရာ ကုမာရ ဒစ်ဆာနာယကထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
Jan 09, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့လျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေး ပြည်ပအလုပ်အကိုင်ရေးရာနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာဗီဂျစ်သာ ဟီရတ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
Jan 09, 2025
ယနေ့ကာလတွင် ပြည်သူများကြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရသည်။ အဆိုပါအခက်အခဲသည် ပြည်သူများအတွက် အရေးကြီးသဖြင့် အလေးထားစရာ အရေးကိစ္စတစ်ခုဖြစ်သည်။ ဖြစ်ပေါ်နေသောအခက်အခဲများ ပြေလည်စေရေးနှင့် ဖြစ်စဉ်အမှန်၏ ပကတိအခြေအနေများကို သိရှိနားလည်ပြီး အခက်အခဲများအား ကျော်လွှားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
