Skip to main content

Nov 04, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း တောင်ငူ- ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဲခူး- ရွှေလှေနှင့် ပဲခူး-နောင်ပတ္တရားအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရထားလမ်းပေါ် ရေကျော်ခဲ့သည့်နေရာများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (DRC)ရှိ RBE များ၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များအတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄/၂၀၂၃)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့်ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂ ရက်က နေပြည်တော်ရှိ ဂျက်စမင် နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

မြန်မာနိုင်ငံက (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့်အဖွဲ့အစည်း(Asia-Pacific Institute for Broadcasting Development - AIBD)တို့ ပူးပေါင်း၍ လက်ရှိမီဒီယာအခင်းအကျင်းတွင် သမားရိုးကျမီဒီယာမှ မီဒီယာအသစ် Streaming Platform သို့ ကူးပြောင်းမှုပညာရပ်ဆိုင်ရာနည်းပညာများနှင့် ဗဟုသုတများကိုမျှဝေရန်တို့ကို ရည်ရွယ်ကျင်းပခဲ့သည့် Workshop on Streaming Technologies and Content Strategy အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် The Greater Mekong River (GMS) အဖွဲ့အစည်း၏ Cross border E-commerce Cooperation Platform Enterprise Alliance ဥက္ကဋ္ဌ Mr. Yi Hong နှင့်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး GMS ဝက်ဘ်ဆိုက်ထူထောင်ထားမှု၊ ထိုဝက်ဘ်ဆိုက်တွင် စီးပွားရေးဆိုင်ရာသတင်းများအပါအဝင်သတင်းများ လွှင့်တင်ထားမှု၊ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် သတင်းများ ယုံကြည်စိတ်ချစွာလေ့လာနိုင်မှု၊ ဘာသာပေါင်း ၁၃ မျိုးဖြင့် သတင်းများကြည့်ရှုနိုင်မှု၊ နောင်တွင်ဘာသာပေါင်း ၂၀ အထိ တိုးချဲ့‌ဆောင်ရွက်ရန်လျာထားမှု၊ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အွန်လိုင်းမှပစ္စည်းများ ချိတ်ဆက်ဝယ်ယူနိုင်မှုတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်