Mar 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
Mar 11, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များကို သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ တိုးမြင့်ဆောင်ရွက်နိုင်ခဲ့မှု၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများမှရရှိခဲ့သည့် အောင်မြင်မှုရလဒ်များအတွက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။
Mar 11, 2025
၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားတွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းကဆောင်ရွက်ပြီး အခမ်းအနားကို နဝရတ် ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်သည်။
Mar 11, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Mar 11, 2025
မေး။ ။ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်ကိုသွားတဲ့ ချစ်ကြည်ရေးခရီးစဉ် သတင်းထုတ်လွှင့်မှုတွေကို မီဒီယာအမြောက်အမြားမှာ တွေ့ရပါတယ်။ အဲဒီနေရာမှာ ကျွန်တော်သတိထားမိတာက အဲဒီနိုင်ငံရဲ့ ပြည်နယ်အဆင့်ဝန်ကြီးအများစု၊ ဝန်ထမ်းအကြီးအကဲတွေ၊ အသင်းအဖွဲ့တာဝန်ရှိသူတွေဟာ တက်ကြွတဲ့လူငယ်တွေဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ လူငယ်တွေရဲ့အခန်းကဏ္ဍဟာ နည်းပါးနေပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဘယ်လိုထင်မြင်ပါသလဲ။
Mar 11, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 11, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
Mar 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့စဉ်ကာလအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိတိကျကျခိုင်ခိုင်မာမာ ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
Mar 11, 2025
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးရှိသည့်အနက် အမျိုးသမီးဦးရေသည် ၁၇၀၈၆၁၉၂ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည်။ ကမ္ဘာပေါ်တွင်လည်း ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်ကြစေရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်နိုင်စေရန်ရည်ရွယ်၍ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို နှစ်စဉ် မတ်လ ၈ ရက်တွင်ကျင်းပရန် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့သည်။
Mar 10, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Mar 10, 2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့များမှ မတ်လ ၆ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Mar 10, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၈၃ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၃၅၇ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Mar 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိသွားရောက်ခဲ့သည်။
Mar 10, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) များပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေး၍ လိမ်လည်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့အပေါ် ယုံကြည်ခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန်လျှောက်ထားရာတွင် စာရွက်စာတမ်းများ၊ ဘွဲ့လက်မှတ်များမှာ တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့်အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
Mar 10, 2025
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းများအား Safe Migration Telegram Channel စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
Mar 10, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း၊ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့ကြောင်းတွေ့ရှိရပါသည်-
Mar 10, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ ရပ်ကွက် (၅) ရှိ မအီစိန်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၁၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၂၀ ဒသမ ၅ သိန်း) ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် နံနက် ၉ နာရီခွဲတွင် တာချီလိတ် မြို့နယ် မိုင်းဖုံး (ခ) ကျေးရွာအုပ်စု ပါခုတ်ကျေးရွာအနီးတွင် သက်နိုင်ဝင်း(ခ)ကိုသက် မောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၆၈ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
Mar 10, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 10, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (Myanmar Rice Federation-MRF) တို့ ပူးပေါင်းကျင်းပသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ အရည်အသွေးနှင့် တိကျစွာတိုင်းတာမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (MRF Immersion Day 2025) အခမ်းအနားကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ MRF ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆက်စပ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ တက်ရောက်ကြသည်။
Mar 10, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
