Dec 03, 2024
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၉) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ သူရဦးဘိုနီနှင့်တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Dec 03, 2024
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
Dec 03, 2024
ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သစ်အခြေခံအသင်းအဖွဲ့များ၊ ကြိမ်ဝါးနှင့် ပရိဘောကလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက သစ်တောစိုက်ခင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Dec 03, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ၏ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
Dec 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara - Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအထင်ကရနေရာများသို့ သွားရောက်လေ့လာကြရာ ဦးစွာ နေပြည်တော်အမျိုးသားပြတိုက်သို့ရောက်ရှိပြီး နေပြည်တော်အမျိုးသားပြတိုက် Mini Thratre ၌ တာဝန်ရှိသူများက ပြတိုက်သမိုင်းကြောင်းကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသပြီး သမိုင်းမတင်မီ ခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ လက်ဆောင်ပစ္စည်းများပြခန်း၊ သီဟာသနပလ္လင်ပြခန်းနှင့် နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းတို့ကို လေ့လာကြည့်ရှုကြသည်။
Dec 03, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Dec 03, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။
Dec 03, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 03, 2024
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်အားကစားသမားများကို အားကစားနည်းအလိုက် နည်းပြများဖြင့် စနစ်တကျ စခန်းသွင်းလေ့ကျင့်နေမှုကို တာမွေမြို့နယ်ရှိ အမျိုးသားအားကစားနှင့် ကာယသိပ္ပံ (ရန်ကုန်) ၌ သွားရောက်ကြည့်ရှုအားပေးပြီး အားကစားသမားများ အာဟာရပြည့်ဝစွာ လေ့ကျင့်နိုင်ရေးအတွက် ကြက်ဥများ ထောက်ပံ့ပေးအပ်သည်။
Dec 03, 2024
ယနေ့တွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာအားကစားရုံနှင့် အားကစားကွင်းများ၌ စတင်ယှဉ်ပြိုင်လျက်ရှိရာ ဝန်ကြီးဌာနအဆင့် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် U -21 အမျိုးသားဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ် (၃) ၊ (၄) တို့တွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ကွင်းတို့တွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။
Dec 03, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ယှဉ်ပြိုင်ကစားကြသည်။
Dec 03, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထား မှတ်ချက်ပြုထားသည့် “Kaiser” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။
Dec 03, 2024
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၁၉/၂၀၂၄ (ရန်ကုန်)၊ ၄၁/၂၀၂၄ (ဧရာဝတီ)၊ ၄၅/၂၀၂၄ (ရန်ကုန်)၊ ၄၆/၂၀၂၄ (ရန်ကုန်)၊ ၇၁/၂၀၂၄ (ဧရာဝတီ) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
Dec 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းကို ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
Dec 03, 2024
စည်းကမ်းပြည့်ဝသည့် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးအဘက်ဘက်မှဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့ကို နိုင်ငံတော်ကမျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။
Dec 03, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက်ပြိုင်ပွဲများ ဒီဇင်ဘာ ၂ ရက်တွင် စတင်ယှဉ်ပြိုင်ကြပြီဖြစ်သည်။ အဖွင့်ပွဲစဉ်များသည် မြန်မာလူမျိုးတို့ အနှစ်သက်ဆုံးအားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်ပြိုင်ပွဲများဖြစ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် အကြိတ်အနယ်ယှဉ်ပြိုင်သည့် ပွဲများလည်းဖြစ်သည်။ ဘောလုံးနှင့် ဘော်လီဘောတို့သည် တစ်ခေတ်တစ်ခါက မြန်မာအသင်းများ အောင်မြင်မှုမြင့်မြင့် မားမားရရှိခဲ့ဖူးသည့် အားကစားနည်းများဖြစ်ရာ အမျိုးသားအားကစားပွဲတော်မှ မျိုးဆက်သစ်များ ပေါ်ထွက်လာရန် မျှော်လင့်ကြရမည်ဖြစ်သည်။
Dec 02, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ ဈေးသည်အမျိုးသမီး ၂ ဦးနှင့် ပလိုင်းကျေးရွာမှဈေးသည် အမျိုးသမီး ၁ ဦးတို့မှ နိုဝင်ဘာလ ၂၉ ရက်တွင် ရွှေဘိုမြို့ပေါ်၌ ဈေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့်လာရောက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်လိုင်စင်မရှိ၍ ဈေးဝယ်ရန်ပါလာသည့် ငွေကျပ် သိန်း ၃၀ နှင့် ဆိုင်ကယ်များအား သိမ်းဆည်းသွားကြောင်း၊ ရွှေဘိုမြို့ပေါ်တွင် ဆိုင်ကယ်များကိုဖမ်းဆီးပြီး ငွေကျပ် ၃ သိန်းမှ သိန်း ၂၀ အထိပေး၍ ပြန်လည်ရွေးယူရကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။
Dec 02, 2024
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
Dec 02, 2024
(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသည့် စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများသည် ဒီဇင်ဘာလ (၂) ရက် ဒီကနေ့မနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသို့ သွားရောက်ဖူးမြော်သည်။
Dec 02, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
