Skip to main content

Oct 28, 2024

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီး၌ လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ခေတ်မီလေအေးပေးစက် ပါ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ပဲခူး-ရန်ကုန် - ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိရာ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်ပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်း အမှတ်(၁၈-အေ) ရှိ စာဆိုဗိမာန် အဆောက်အဦ သုံးထပ်(RC)ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိများနှင့်ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ သုတေသနဌာနသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာ့ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆေးဝါး စက်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးနှင့် MSME များကို အထောက်အကူပြုနိုင်ရန် ကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြပ်မတ်ပေးရန်၊ ဝန်ထမ်းများ၏ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊ ကောင်းမွန်သည့် ဓာတ်ခွဲခန်းကျင့်စဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအဆင့်များကို တိုးမြှင့်ပေးရန်နှင့် ပြည်သူများအတွက်လိုအပ်သော ဆေးဝါးအမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ်တွင် ချန်ဒူး၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့တွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား၌ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

​​​​​​​ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် ပညာတတ်အရင်းအမြစ်များ ပေါများကြွယ်ဝကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်ပညာတတ် အရင်းအမြစ်များပေါများလာအောင် နိုင်ငံများက ဦးစားပေးဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော် တည်ဆောက်နိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2024

​​​​​​​လူထုသတင်းပေးမီဒီယာများ၏အစမှာ သတင်းစာများပင် ဖြစ်သည်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက် စသည့် မီဒီယာများထက် ရာစုနှစ်များစွာစောကာ အများပြည်သူအား သတင်းအချက်အလက်များ ဖြန့်ဝေပေးသည့်အလုပ်ကို သတင်းစာများက လုပ်နေခဲ့ခြင်းဖြစ်သည်။ သတင်းစာလုပ်ငန်း အထွတ်အထိပ်သို့ရောက်ရှိခဲ့သည့် ၂၀ ရာစုအတွင်းသို့ ရောက်ရှိလာသည့်အခါ သတင်းစာများကပေးသည့် သတင်းအချက်အလက်များ၏ ဘက်လိုက်မှုနှင့် အဂတိမကင်းမှုကို လည်းကောင်း၊ သတင်းဖတ်ရှုသည့်လူထုအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိမှုတို့ကိုလည်းကောင်း သတိပြုမိလာကြသည်။ ဘက်လိုက်သတင်းများနှင့် သတင်းတု၊ သတင်းမှားများကြောင့် လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်ဖြစ်ပေါ်နိုင်သည့်အပေါ်တွင်လည်း စိုးရိမ်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်)ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲ အချိန် ဘိန်းဖြူများရောင်းချခိုင်းသူမျိုးကိုဦးနှင့် မဆန်ချင်းတိလ်တို့ ၂ ဦးအား ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံတွင် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများ ပါဝင်သောလေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံဗဟိုဌာန၌ သုတေသနပြုစိုက်ပျိုးထားရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စပါးမျိုးသစ်များကို သွားရောက်ကြည့်ရှုလေ့လာကြပြီး တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်ပြည်နယ် ချင်းတောင်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများကွန်ဖရင့်သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ကွန်ဖရင့်၏ ပထမနေ့ နံနက်ပိုင်းအစီအစဉ် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ကျောင်းသား ကျောင်းသူများ ဝိဇ္ဇာတွဲဘာသာရပ်များ ဖြေဆိုနေမှုနှင့် အဝေးသင်သင်တန်းဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ သင်ကြားစီမံတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

(၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management - AMMDM) နှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဉ်များကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အာဆီယံနိုင်ငံများမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားအရည်အသွေးပြည့်မီစွာနှင့် အဆင့်အတန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်သောအနေဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်ထွန်းပြောင်စေမည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင်အားကစားကွင်းများတွင် ယခုလ ၂၅ ရက်မှစတင်၍ ကျင်းပယှဉ်ပြိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်