Nov 08, 2024
တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီအောက်ရှိ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
Nov 08, 2024
ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်မှု အခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 08, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင် တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာ တောရကျောင်း ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်) အားဖူးမြော်၍ သာသနာရေးဆိုင်ရာများလျှောက်ထားကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကြသည်။
Nov 08, 2024
နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Nov 08, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 08, 2024
နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ နားခိုလျက်ရှိကြသည့် တပ်မတော်သား အငြိမ်းစားများနှင့် မိသားစုဝင်ဘိုးဘွားများအတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက်၍ ငွေကျပ်သန်း ၂၀ ပေးအပ်လှူဒါန်းကြသည်။
Nov 08, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ပုံနှိပ်စက်ရုံ၊ အောင်ဆန်းပုံနှိပ်စက်ရုံနှင့် ဂျီတီစီ ပုံနှိပ်စက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ဝန်ထမ်းဟောင်းများ အသင်းမှ လှူဒါန်းငွေအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရေဘေးသင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 08, 2024
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
Nov 08, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်တိုင်ကြိုးဝိုင်းအကွက် အမှတ် (၄) ရှိ ဒဟတ်သစ်စေ့ထုတ်ဧရိယာသို့သွားရောက်၍ သစ်စေ့ထုတ်ဧရိယာအတွင်းမှ အပူပိုင်း ဒေသမျိုးရင်း ဒဟတ်သစ်မျိုးစေ့များ စုဆောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
(၃၆) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Nov 08, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ဟိုင်းကျွန်းကြီးမြို့ရှိ ကံချိုင်အခြေခံပညာအထက်တန်းကျောင်း၊ ဇီးချိုင်ရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချောင်းအခြေခံပညာအထက်တန်းကျောင်း၊ ကညင်ချောင်း (တောင်) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သဲကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Nov 08, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံတို့တွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ စစ်ဆေး ပြုပြင်ပြီးစီးမှု၊ တပ်ဆင်ရန်ကျန်ရှိနေမှု၊ စက်ပစ္စည်းများ စမ်းသပ်မောင်းနှင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် စက်ရုံလည်ပတ်စဉ် မမျှော်မှန်း ထားရှိသည့် ကိစ္စရပ်များဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများကို ဘက်ပေါင်းစုံမှ သုံးသပ်၍ ကြိုတင်မျှော်တွေးပြီး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း မှာကြားသည်။
Nov 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့၌ကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်ပြီး နဝမအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
Nov 08, 2024
၁။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Amplifying the leadership of persons with disabilities for an inclusive and sustainable future” ကို “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူ များ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိပြီးဖြစ်ပါသည်။
Nov 08, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင် တပ်ဦးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
