Sep 29, 2024
မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ်ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
Sep 29, 2024
ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ပြီး စိတ်ရွှင်လန်းတက်ကြွလိုပါလျှင် ခရီးသွားပါဟု အကြံပြုကြသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအများစုမှ ပြည်သူတို့သည် တစ်နှစ်လျှင် တစ်လ အားလပ်ရက်ယူကာ တစ်နှစ်တာပင်ပန်းနွမ်းနယ်ခဲ့သမျှကို ခရီးသွားခြင်းဖြင့် ဖြေလျှော့လေ့ရှိကြသည်။ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် လုပ်ငန်းရှင်၊ ပိုင်ရှင်များကလည်း လာမည့်တစ်နှစ်တာလုပ်ငန်းခွင်အတွင်း လန်းဆန်းတက်ကြွမှုဖြစ်စေရန်အတွက် ခရီးသွားလာခြင်းကို ခွင့်ပြုအားပေးကြသည်။
Sep 29, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေးပင်ဖြစ်သည်။ ယင်းအတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုအပြည့်အဝရရှိရေးတို့ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူများ၏ဆန္ဒဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သော ရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလျက်ရှိသည်နှင့်အညီ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ရပ်ဆိုင်းကာ ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုများ တည်ဆောက်နိုင်ရန်လိုအပ်သည်။
Sep 28, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 28, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများအပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 28, 2024
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ဖခင်နှင့် သမီးငယ်တို့ ၂ ဦးသည် ကျေးရွာရှိ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဖခင်ဖြစ်သူနှင့် အသက် ၄ နှစ်အရွယ်သမီးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
Sep 28, 2024
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 28, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် စက်တင် ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒလသင်္ဘောကျင်းအထိမ်း အမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
Sep 28, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်(APF)၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည်။
Sep 28, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာန ဆိုင်ရာများ၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Sep 28, 2024
ဒီနေ့မှာတော့ စက်တင်ဘာလ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုများကို တစ်ပေါင်းတည်း ရှင်းလင်းပြောကြားသွားပါမယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန်ရယူခဲ့ရခြင်းရဲ့ အဓိက အခြေခံအကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒါနိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။ ဒါကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။
Sep 28, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၁၅ ကျောင်း၌ မေ ၆ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများနှင့်အတူ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း (ဘားအံ၊ ပုသိမ်) တို့တွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြော ကြားသည်။
Sep 28, 2024
(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (42nd ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လာအိုပြည်သူ့ဒီမိုကရက် တစ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပလျက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ် နိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက်အရ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
Sep 28, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ်ပွန်နမ်ပီရူးမားအာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 28, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ရောက်ရှိပြီး စာမေးပွဲခန်းများတွင် အင်ဂျင်နီယာ ဘာသာရပ်များအလိုက် ကျောင်းသားကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
Sep 28, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Sep 28, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
Sep 28, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အားလုံးပူးပေါင်းပါဝင်ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်သည့် ကြေညာချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံးမျှော်လင့်နေသည့် တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသာယာဝပြောရေးအတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။
Sep 28, 2024
ခွေးရူးပြန်ရောဂါ (Rabies) သည် ခွေးရူးပြန်ရောဂါဖြစ်စေသော ရပ်ဘဒိုဗီရီဒေး (Rhabdoviridae) ခေါ် ကျည်ဆန်ထိပ်ဖူးပုံ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် ကူးစက်ဖြစ်ပွားပါက ရာနှုန်းပြည့်သေဆုံးနိုင်သော ရောဂါဆိုးဖြစ်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရာခိုင်နှုန်းပြည့် ကြိုတင် ကာကွယ်နိုင်သည့် ရောဂါလည်းဖြစ်သည်။ ခွေးရူးပြန်ရောဂါ ကူးစက်ဖြစ်ပွားရခြင်း၏ ၉၉ ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ရာ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး စောစီးစွာထိုးနှံထားရန်လိုကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြု လမ်းညွှန်ထားသည်။
