Skip to main content

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ညောင်ဦးမြို့နယ်အတွင်း အိမ်ပြိုလဲခြင်း၊ သစ်ပင်များပြိုလဲကာလမ်းများပိတ်ဆို့နေခြင်းတို့အား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များက ကူညီရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရကျောင်းတိုက်၊ ကယ်ဆယ်ရေးစခန်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစခန်းတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မြန်မာ့လယ်ယာ ထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ် သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ စက်တင်ဘာ(၁၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇော်ဂျီမြစ်ရေများ လျှံတက်ခဲ့သောကြောင့် စက်တင်ဘာ(၁၁)ရက်နံနက် (၁၁)နာရီအချိန်တွင် ဟန်မြင့်မိုရ်၊မြို့ကြီး၊ရွာငံ၊အောင်ပန်းကားလမ်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လမ်းပိုင်း တစ်နေရာ ရေတိုက်စားပြတ်တောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့မှုအခြေအနေ၊ ကုန်ချော၊ ကုန်ကြမ်းပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ရေဝင်ရောက်မှုကြောင့် စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် မွေ့ရာ၊ အိပ်ရာခင်း၊ ခေါင်းအုံးများချုပ်လုပ်နေမှု၊ ဝန်ကြီးဌာနများ၏ တူညီဝတ်စုံများချုပ်လုပ်နိုင်ရေးအတွက် ပိတ်များ ရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း နေရာအချို့၌ ရေကျော်မှုနှင့်လမ်းသား ပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့်တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ယနေ့အထိ   မိုးရေချိန်(၈.၆၆)လက်မရွာသွန်းခဲ့မှုကြောင့် ၁၆၃၀၁ ဧက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်းသာစည်မြို့နယ်မြေစာရင်းဦးစီးဌာနထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ရေးစခန်း(၈)ခုတို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိရာ အဆိုပါ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ပြည်- ရန်ကုန်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၆/ ၁ နှင့် ၁၉၆/ ၂ အကြား မိုးသည်းထန်စွာရွာသွန်းမှုအရှိန်​ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ်(၁)ပေခွဲခန့်ရေကျော်မှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် စဉ့်ကိုင်မြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြို့အ‌ရှေ့ဘက်ရှိ ဇော်ဂျီမြစ်နှင့် အနောက်ဘက်ခြမ်းရှိ ပန်းလောင်မြစ်‌တို့မှ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်၍ မြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိသည့်အတွက်  အိမ်ထောင်စု (၂၉၁)စုတို့မှ လူဦးရေ (၁၂၁၉)ဦးနှင့် တိရစ္ဆာန်ကောင်ရေ (၁၁၁၃)ကောင်တို့အား ရေဘေးလွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းကယ်ဆယ်ခြင်းလုပ်ငန်းများကို  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ်အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အမှတ်(၅)ရပ်ကွက်၊ ဗျက်ကလေးပိုင်းနှင့် ဆွဲလွဲချောင်းကျေးရွာအုပ်စု၊ စပါးကျီကျေးရွာအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

၁။ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာ ရပ်ကွက်တွင် ပါတီရုံးချုပ်တည်ရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၁-၉-၂၀၂၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ် ကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးအမှတ် (၃၆-ခ) အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရွှေမြယာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းတို့မှ တောင်ကျရေလျှံတက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မင်းဘူးချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးကုန်းအုပ်စု၊ သင်ကန်အုပ်စု၊ ကန္တလီအုပ်စု၊ ကဇင်းကြီးအုပ်စုတို့နှင့် ဘော်ဘင်ချောင်းတစ်လျှောက်ရှိ သပြေစိန်အုပ်စု၊ ဘဲအင်းအုပ်စု၊ သရက်တပင်အုပ်စုတို့ရှိ နေအိမ်နှင့်ခြံဝန်းများအတွင်းသို့ ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၂)တွင် ကားလမ်းပေါ်ရေ(၈)လက်မခန့်ကျော်လျက်ရှိကြောင်း သိရသည်။ သွားလာလှုပ်ရှားနေသော မော်တော်ယာဉ်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး၊ သတိပေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်