Skip to main content

Jul 13, 2024

မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်မှ ၁၀ ရက် အထိ လာအိုနိုင်ငံ လွမ်ပရာဘမ်မြို့ရှိ Angthong Hotel ၌ ကျင်းပခဲ့သည့် အာဆီယံအဂတိလိုက် စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC)၏ အကြိမ် (၂၀) မြောက် ရုံးအဖွဲ့အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crimes-UNODC) နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင် အဖွဲ့ (The State Inspection Authority of Lao PDR – SIA) တို့ပူးပေါင်း၍ ကျင်းပသည့် “Strengthening Capacity on Investigation and Asset Recovery for ASEAN-PAC Authorities” အလုပ်ရုံ ဆွေးနွေးပွဲများသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးတင်အောင်ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီဇူလိုင် ၁၁ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခရိုင်၊ မြို့နယ်တရားရုံးအချုပ်ခန်း၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့ရှိ အချုပ်ခန်းများကိုလည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် မော်လမြိုင် အချုပ်ထောင်ကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ သိပ္ပံလက်တွေ့ခန်းများ၊ စာကြည့်တိုက်နှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် ၁၆ အတွင်းကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

မြန်မာအီလက်ထရောနစ် မဲပေး စက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ရုံးချုပ်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန် ကနောင်ခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေဖြန့်ဖြူးပေးဝေနေသော ငလိုက်ရေလှောင်တမံကြီး သက်တမ်းရှည်ကြာစွာဖြင့် အကျိုးပြုစေနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံအတွင်းဝင်ရေလျော့နည်းလာမှုကို ကာကွယ်နိုင်ရေး၊ မြေဆီလွှာတိုက်စားမှုကာကွယ်နိုင်ရေး၊ သဲနုန်းအနည်ကျလျော့နည်းစေရေး အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းလုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachchige Prabashini Ponnamperuma အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachchige Prabashini Ponnamperuma အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတက်ရောက်ရန် နယူးဒေလီမြို့သို့ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့က အိန္ဒိယနိုင်ငံနယူး ဒလီမြို့၌ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

စက်မှုလယ်ယာဦးစီးဌာနအမှတ် (၅၇) စက်မှုလယ်ယာစခန်း (ပန်းတနော်) မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်းငါးဧက၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

“ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” “Helping vulnerable populations in emergencies” ဟူသည့် ဆောင်ပုဒ်ကို ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားသည်။ မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိနိုင်ငံများ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာရှားပါးမှုများ စသည့်ဘေးအန္တရာယ်အမျိုးမျိုးကြောင့် လူသားများကြုံတွေ့နေရသည့် အရေးပေါ်အခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2024

ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေဒေသများအတွင်း MNDAA၊ TNLA ၊ AA နှင့် ၎င်းတို့အား ပါဝင်ကူညီနေကြသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံရေးပါတီ (၂၃) ပါတီတို့က ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း ပူးတွဲသဘောထားထုတ်ပြန် ကြေညာလိုက်သည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များဟုဆိုရာတွင် အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်များကို အဝေးမှလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရော့ဗ်ဗုံးများကြဲချခြင်း၊ ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ၎င်းတို့နှင့်လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများကို အဓမ္မခြိမ်းခြောက်နှင်ထုတ်ခြင်း စသည်တို့ဖြစ်ပြီး ယင်းလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2024

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2024

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်