Jul 15, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။
Jul 15, 2024
၁။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ-ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိ လည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Jul 15, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ကျင်းပသည့် မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
Jul 15, 2024
ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဆန်စပါးကိုရာသီအလိုက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မိုးစပါးစိုက်ခင်းများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ထိုသို့ဆောင်ရွက်ရာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧက ၄၅၀၀၀ ကျော်အား စိုက်ပျိုးရေမပြတ် ပို့လွှတ်လျက်ရှိကြောင်း သိရသည်။
Jul 15, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်အောင်မြို့နယ်၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၀၄ တန်၊ အခြားသစ် ၀ ဒသမ ၂၆၅ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၁၅၁၀၉၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Jul 15, 2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်ရေတိုင်းတာရေးစခန်းမှ တိုင်းတာချက်အရ မိုးညိုမြို့နယ်၏ ဧရာဝတီမြစ်ရေမှာ(၅၇.ဝ၅)ပေ၊ (၁၇၃၉)စင်တီမီတာဖြစ်ပြီး မိုးညိုမြို့နယ်၏ စိုးရိမ်ရေအမှတ်(၅၄.၁၀)ပေ (၁၆၄၉)စင်တီမီတာအထက် (၂.၉၅)ပေ၊ (၈၉၉)စင်တီမီတာသို့ ရောက်ရှိလာသဖြင့် မိုးညိုမြို့၏ ဧရာဝတီမြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကျေးရွာခွဲ(၇၇)ရွာ၊ အိမ်ခြေ(၈၇၄၀)အိမ်သို့ ပျမ်းမျှမြစ်ရေအမြင့်(၁.၅)ပေခန့် ယမန်နေ့က ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Jul 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရရှိသည့် စာရေးဆရာနေဇင် (ပေါက်ခေါင်း) ၏ “မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Jul 15, 2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေဒေသများအတွင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ (MNDAA/ TNLA/ AA) နှင့် ယင်းအဖွဲ့အစည်းများကို ကူညီဆက်စပ်၊ ပါဝင်ပတ်သက်နေသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများအား အဝေးမှလက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်ခြင်း၊ ၎င်းတို့နှင့်လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းအပေါ် နိုင်ငံရေးပါတီ (၂၃)ပါတီက ဇူလိုင် ၁၁ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
Jul 15, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jul 15, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ် ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၃-၇-၂၀၂၄) ရက်နေ့၊ ည (၆:၀၀) နာရီမှ (၁၄-၇-၂၀၂၄)ရက်နေ့၊ ည (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်
Jul 15, 2024
- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
Jul 15, 2024
- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
Jul 15, 2024
- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
Jul 15, 2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုစာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ပြွန်တန်ဆာမြို့အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ ဇူလိုင် ၁၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jul 15, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) ကို တက်ရောက်ခဲ့သည်။
Jul 15, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jul 15, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အထက် ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခဲ့သည်။
Jul 15, 2024
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးရေချိန်စံချိန်တင်မြင့်မားမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးဦးကာလ ဇွန်လကုန်မှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဧရာဝတီမြစ်ဖျား၌ မြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ရေဝင်နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ပြည်သူများ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့သည်။
Jul 15, 2024
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ ၄၅ နိုင်ငံထဲတွင် ပါဝင်လျက်ရှိသည်။ ကံမကောင်းအကြောင်းမလှကြသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့စေကာမူ နိုင်ငံ၏တည်နေရာအနေအထား၊ နိုင်ငံ၏အကျယ်အဝန်း၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်များ စသည်တို့ပိုင်ဆိုင်ထားမှုများအရ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် တက်လှမ်းသွားနိုင်လောက်သည့် အခြေအနေ၊ အလားအလာများရှိသည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိနိုင်ရန်မှာ နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် စဉ်ဆက်မပြတ်တိုးတက်မှုရရှိအောင် ဆယ်စုနှစ် သုံးခုစာမျှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နိုင်ကြဖို့လိုသည်။
Jul 14, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
