Skip to main content

Oct 19, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ရေဆင်းတက္ကသိုလ်များနယ်မြေ တက္ကသိုလ်အားကစားကွင်း၏ မီတာ ၄ဝဝ ပြေးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ပရိသတ် ၅၂၀ ဆံ့ ပွဲကြည့်စင်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအားကစားကွင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အောက်တိုဘာ ၁၃ ရက်မှစတင်၍ လေ့လာရေးခရီး သွားရောက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ ပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ကိုရီးယား - မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ် (All PASS DRAMA & Sports Game) တို့အတွက် သရုပ်ဆောင်ရွေးချယ်ပွဲ (Audition) ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နှစ်ကြိမ်ခွဲ၍ ကျင်းပရာ မြန်မာနိုင်ငံမှ အသက်(၁၈) နှစ်မှ (၃၀) နှစ်အကြား ရွှေကြိုအနုပညာရှင် သရုပ်ဆောင်များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ စိတ်ပါ ဝင်စားသူလူငယ်များ ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက် တူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

(၈၇) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန် (၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ  တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်နှင့် ဖော်ထုတ်ထိန်းသိမ်း‌ထားသော ဟံသာဝတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုးတို့ကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ (၈) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့ တက်ရောက်နေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Sergey Tsivilyov နှင့် တွေ့ဆုံရာ တွေ့ဆုံဆွေးနွေးပွဲသို့ ရုရှားနိုင်ငံပိုင် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော INTER RAO Export နှင့် JSC RosGeo အဖွဲ့အစည်းများ၏ အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘယ်လာရုစ်တေးဂီတပညာရှင်နှင့် တေးရေး/ တေးဆို Mr. Vladimir Sukolinsky ဦးဆောင်သည့် အဖွဲ့ဝင်လေးဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ နည်းပြဆရာ ဆရာမများကို တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော်ဖြင့် ဖွဲ့စည်း တည်ထောင်ထားသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားများမှာ အသွေးအရောင်မတူ ကွဲပြားကြသော်လည်း ပြည်ထောင်စုကြီးအတွင်း ဤမြေတွင်နေ၊ ဤရေကိုသောက်၍ အတူတကွစုပေါင်းနေထိုင် ကြီးပြင်းရှင်သန်ရပ်တည်လာကြသူများဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြစ်ကြသည်ဟု ခံယူထားကြပြီး ချစ်ခင်စည်းလုံးသည့် ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ မွေးမြူထားရှိကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2025

ကမ္ဘာတစ်ဝန်းတွင် ကော်ဖီသောက်သုံးသူ တိုးပွားလာနေခြင်းကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက်သည်လည်း ပို၍ ပို၍ကြီးမားကျယ်ပြန့်လာနေသည်။ ယမန်နှစ် (၂၀၂၄ ခုနှစ်) က ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံကျော်ဖိုးရှိပြီး ဆက်လက်၍ တိုးတက်မည်ဟုလည်း ခန့်မှန်းထားကြသည်။ အချို့ကလည်း နောက်ငါးနှစ်အကြာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2025

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၈) သို့ တက်ရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2025

တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် သီပေါမြို့အား အောက်တိုဘာ ၁၇ ရက်တွင် တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်