Skip to main content

Apr 08, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ခန်းစာများကို ကြိုတင်လေ့လာသင်ယူနိုင်ရန်အတွက် MWD Education, Knowledge & Sports Channel နှင့် ပြန်ကြားရေးဝန်ကြီး ဌာန၏ Education Channel တို့တွင် ဧပြီလ ၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ Grade-7 သင်ခန်းစာများကို နံနက် ၇ နာရီမှ ၇ နာရီခွဲအချိန်နှင့် ညနေ ၆ နာရီမှ ၆ နာရီခွဲအချိန်တွင်လည်းကောင်း၊ Grade-10 သင်ခန်းစာများကို နံနက် ၈ နာရီမှ ၈ နာရီခွဲအချိန်နှင့် ည ၇ နာရီမှ ၇ နာရီခွဲအချိန်တွင်လည်းကောင်း နေ့စဉ်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဝက်လှကြီးကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း ဧက ၄၀ ၌ စိုက်ပျိုးထားရှိသော နွေစပါးမျိုးသန့်မျိုးပွားစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများ ရွေးချယ်၍ သီးထပ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တာချီလိတ်ခရိုင် အားကစားခန်းမနှင့် ကြက်တောင်အားကစားခန်းမ တို့ကိုလည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ ဘော်လီဘောအားကစားရုံ၊ လက်ဝှေ့ရုံရှိ GYM လေ့ကျင့်ရေးခန်းမနှင့် အလေးမအားကစားရုံတို့ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ ဘိလိယက်နှင့် စနူကာ အားကစားခန်းမတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်မှုရှိစေရေးတို့အတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက် မှ ၇ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ်(၄) မှ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင်- အေးသာယာ - ပေါမူ - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းထိန်းသိမ်း မှုအခြေအနေ၊ တောင်ကြီး- နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေနှင့် ဘူတာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) သို့ ရောက်ရှိပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လျက်ရှိသည့် သင်ကြား၊ သင်ယူမှုနှင့် လက်တွေ့ကျွမ်းကျင်မှုမွမ်းမံသင်တန်း၏ နောက်ဆုံးနေ့တွင် သင်တန်းသားများ၏ ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

နေပြည်တော် လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်စနစ်ရှိ သစ်ဆိမ့်ပင်ကျေးရွာတွင် ဖော်ထုတ်ပြီးစီးသည့် စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ ၂၆ ဧက၌ နွေနှမ်းစိုက်ပျိုးကြမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နွေနှမ်းစိုက်ပျိုးကြမည့် တောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပြင်ဦးလွင်ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ခရိုင်အဆင့်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်း များကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိသော (၃၁) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြု တီကျစ်စာမြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများ ထွန်းကားလာစေရန် စိုက်ပျိုးရေးသုတေသီပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းဝန်းရှိ ကုန်သွယ်ရေးဦးစီးဌာန၏ Commerce Journal ပုံနှိပ်တိုက်သို့ရောက်ရှိ၍ ကုန်သွယ်မှုဆိုင်ရာ စာစောင်များ၊ အသိပညာပေးစာစောင်များနှင့် ဂျာနယ်များ ပုံနှိပ်ထုတ်ဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စောင်ရေတိုးချဲ့ရိုက်နှိပ် ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင်ခြံတွင် ဗေဒါသဘာဝမြေဩဇာထုတ်လုပ်နေမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် နွားမွေးမြူထားရှိမှုအခြေအနေများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၉ ဒသမ ၈၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေ- တာမောင်- မခွာလယ်လမ်း ၂၄ မိုင်မှ မြေသားလမ်းလေးမိုင်ဖောက်လုပ်ခြင်း လုပ်ငန်းအရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ (ပဉ္စမနေ့) တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၂၁၆ ဌာနတို့၌ စာဖြေစာရင်းသွင်း ၃၁၄၁၅ ပါး/ဦးအနက် ၂၅၆၈၃ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၁ ဒသမ ၇၅ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပုဂ္ဂလိကပညာရေးဥပဒေကို ၁၂-၅-၂ဝ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပုဂ္ဂလိက ကျောင်းများ အားလုံးသည် ဤဥပဒေနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားကြရမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလဆုတ် ၅ ရက်နေ့မှ ၈ ရက်နေ့အထိ (၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်၍ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း နံနက် ၀၇၀၀ အချိန်မှ ညနေ ၁၈၀၀ အချိန်အထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ရာ မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်