Feb 09, 2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကြီးတွင် ပါဝင်ပြသကြမည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းများအလိုက် မိမိတို့ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများကို ပြည်သူများအား ခင်းကျင်းပြသရောင်းချနိုင်ရေး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Feb 09, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
Feb 09, 2024
စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်း စာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 09, 2024
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။
Feb 09, 2024
ပြည်တွင်းစားသုံးဆီ ဖူလုံသုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရုံးအမှတ်(၁၅)၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
Feb 09, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ သင်တန်းတက်ရောက်လျက်ရှိသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်ရှိသင်ကြားရေးနှင့် အုပ်ချုပ်မှုဌာန အသီးသီးမှ ဆရာ၊ ဆရာမနိုင်ငံ့ဝန်ထမ်းများကို ရတနာသိင်္ဃခန်းမ၌တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
Feb 09, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ရတနာပုံ ခန်းမ၌ကျင်းပသည့် မန္တလေးရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။
Feb 09, 2024
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံရှိ အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် အကြမ်းဖက်အဖွဲ့ NUG ၏ မြှောက်ပင့်လှုံ့ဆော်ပေးမှုကြောင့် PDF အကြမ်းဖက်သမားများနှင့် EAO သောင်းကျန်းသူအဖွဲ့အချို့တို့က နယ်မြေဒေသအချို့တွင် တိုက်ခိုက်ဖျက်ဆီး လုပ်ကြံဖန်တီးမှုများ အဆက်မပြတ်ပြုလုပ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
Feb 09, 2024
ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင်ကြသော နိုင်ငံများစွာရှိသည်။ နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်းရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ(ဝါ)ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်းဖြစ်သည်။
Feb 08, 2024
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှလေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့သည်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Feb 08, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 08, 2024
မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 08, 2024
တပ်မတော်က ပြည်နယ်နှင့်တိုင်းအသီးသီးရှိ စစ်မှုထမ်းဟောင်း ၂၀၀၀ ဦး ဝန်းကျင်ကို နေပြည်တော်သို့ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်းသို့ အကူတပ်များအဖြစ် စေလွှတ်မည်ဟု မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 08, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို တပ်မတော်က ဖေဖော်ဝါရီ ၇ ရက်တွင် လေကြောင်းမှ အဆိပ်ငွေ့ဗုံးများသုံးကာ တိုက်ခိုက်ခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 08, 2024
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးကို တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 08, 2024
လက်နက်ကိုင်သောင်းကျန်းသူများ၊ အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများနှင့် ရိုးသားစွာ စီးပွားရှာဖွေလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား လက်နက်အားကိုး၍ နိုင့်ထက်စီးနင်းပြုကာ အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်းနှင့် အခွန်ကောက်ခံသည်ဟု အကြောင်းပြကာ မတရားဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏လိုလားချက်အပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိပါက လူပြန်ပေးဆွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
Feb 08, 2024
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိပါသည်။
Feb 08, 2024
ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှုထမ်းဟောင်းဟောင်းအဖွဲ့ဝင်များနှင့် ကြီးကြပ်သူများ စုစုပေါင်း ၇၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 08, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့) ၀၀၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
