Skip to main content

Feb 08, 2024

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နေပြည်တော်၌ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့အဖြစ် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆက်လက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

နိုင်ငံတော်၏ အသားထုတ်လုပ်မှု ကဏ္ဍနှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီရှစ်ပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သိမ်ဖြူသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သီလဝါဆိပ်ကမ်း ဧရိယာရှိ လေးလမ်းသွားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကိုးကွေ့ကြိုးဝိုင်း အကွက်အမှတ် (၂)(၃)ရှိ (၃/၂၀၂၃) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၅၀ သို့ရောက်ရှိပြီး စိုက်ခင်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

Myanmar Rice Bran Oil Co;ltd ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံများတွင် မြန်မာနိုင်ငံသည် တစ်မူထူးခြားသည် ဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ရေမြေသဘာဝ မတူခြားနားမှုများနှင့်အတူ တိုင်းရင်းသား လူမျိုးတစ်ရာကျော်တို့ ကွဲပြားသော ဓလေ့စရိုက်များဖြင့် နှစ်ပေါင်းများစွာကြာမြင့်အောင် အေးချမ်းစွာ အတူပေါင်းစည်းနေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ထိုသို့နှစ်ကာလကြာရှည်စွာ ကမ္ဘာအလယ်တွင် တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သောအခါ ကုပ်သွေးစုပ်အမြတ်ထုတ် သွေးခဲအုပ်ချုပ်ခြင်းခံခဲ့ရသည်။ တောင်တန်း-ပြည်ပ စိတ်ဝမ်းကွဲပြားခဲ့ကြသည်။ ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်လိုမှုများကြောင့် တောင်တန်းမြေပြန်၊ ပြည်နယ်-ပြည်မ တစ်ပေါင်းတည်း အတူတကွ လွတ်လပ်ရေးရရှိအောင် အခက်အခဲများစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

မူးယစ်မေ့လျော့စေတတ်သည့်အရာများ ရောင်းဝယ်ဖောက်ကားမှုကို မိစ္ဆာဇီဝခေါ် မကောင်းသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လူသားတို့ကိုးကွယ်ရာ ဘာသာကြီးများက သတ်မှတ်ထား ကြသည်။ ထို့အပြင် ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ အုပ်ချုပ်သူ မင်းအစိုးရအဆက်ဆက်တို့က တရားမဝင်အဖြစ် ပိတ်ပင်တားမြစ်ခဲ့ကြသော်လည်း အကျိုးအမြတ်လွန်စွာကြီးမားလှသည့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှာ ရာစုနှစ်များ ကြာခဲ့ပြီဖြစ်သည့် ပစ္စုပ္ပန်ကာလတိုင် ပျောက်ပျက်မသွား။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

စ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀) နေ ဦးကျော်လွင် (ဘ) ဦးအလီသည် တရားမဝင် Online လောင်းကစားမှုများပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာတွေ့ရှိရခြင်းများကြောင့် ၎င်းကို ဥပဒေအရအရေးယူရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် မြို့ဆိုးတံတားလုံခြုံရေးစခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ (၁၇၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်ရှိ အနုဇီဝဗေဒလက်တွေ့ခန်းနှင့် အဏ္ဏဝါသိပ္ပံဌာနများတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

ရှမ်းပြည်နယ် ညောင်ရွှေမြို့ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 07, 2024

တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များသည် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ဘောင်အတွင်း စနစ်တကျဖြစ်စေရန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ခန့်မှန်းခြေစာရင်းများ တွက်ချက်ရာတွင် ကွဲလွဲချက်များ မရှိစေရေး သတ်မှတ်ချက်အတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ခြင်းဖြစ်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ စုဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ (၁/၂၀၂၄) နှင့် ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်