Skip to main content

Feb 03, 2024

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

​​​​​​​တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ပညာရေးကောင်းမွန်ပါမှ အသိပညာ၊ အတတ်ပညာကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည် တိုင်းပြည်အတွက် အလုပ်အကျွေးပြုနိုင်မည်ဖြစ်သည်။ တိုင်းပြည်တွင် အသိပညာ၊ အတတ်ပညာအားနည်းနေပါက နိုင်ငံရေးနှင့်စီးပွားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသောအစိုးရက နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

​​​​​​​ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက် နေခြင်းနှင့်စပ်လျဉ်း၍ တစ်ကိုယ်ရေကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ထားသည်။ လွန်ခဲ့သည့်လအတွင်း ဒေသတွင်းနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုများပြားခဲ့ရာမှ မြန်မာနိုင်ငံသို့လည်း ဝင်ရောက်လာပြီး ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာ ၄ ရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂ ရက်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြန်သွားချိန် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဆိုပါဘုန်းကြီးကျောင်းမှ သံဃာတော် ၆ ပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော် M-Gallery Hotel တို့ပူးပေါင်း၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်M-Gallery Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လူမှုရေးတာဝန်သိမှုနှင့်ပတ်သက်သည့် အသိပညာတိုးပွားစေရန်ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှု (Corporate social responsi- bility - CSR) အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိနေကြသည့် နိုင်ငံကျော်အနုပညာရှင်များနှင့် အကယ်ဒမီရွှေကြိုများသည် ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ စုစုပေါင်း ၄၀ တို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC–1) ၌ ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ ကျင်းပသွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်းဦးဆောင်ကော်မတီ၏ (၂၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူနေပြည်တော် ကောင်စီနယ်မြေလယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာအုပ်စု ဝဲကြီးကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် Mobile Solar စနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှင့် ၎င်းလုပ်ငန်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသာ ငရုတ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ကံကြီးရွာကို ဇန်နဝါရီ ၃၁ ရက်က တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ် ရာ တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ အိုက်စ် (မက်သ်အဖက် တမင်း) ၄၈ ကီလိုနှင့် ကက်တမင်း ၅၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်