Mar 08, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ Hybrid System ဖြင့် ကျင်းပသည်။
Mar 08, 2024
(၂၇) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (27th ASEAN Senior Level Committee Meeting for Financial Integration)ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual ဖြင့် တက်ရောက်ကြသည်။
Mar 08, 2024
အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သော ပြည်တွင်းထုတ် လယ်ယာလုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကူညီအားပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် အခြားဘက်စုံသုံး PVC ပိုက်နှင့်ရေတိုင်ကီထုတ်လုပ်သည့် ပုဂ္ဂလိကစက်ရုံသို့ ရောက်ရှိပြီး ရေပိုက်၊ ရေတိုင်ကီများ၊ စိုက်ပျိုးရေးသုံး PE အစက်ချ ပိုက်များ၊ စိုက်ပျိုးရေးသုံး ရေမှုန်ဖျန်းပိုက်များ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
Mar 08, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Mar 08, 2024
နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 08, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၉) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Mar 08, 2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီးအပေါ်ထပ်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
Mar 08, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေပိဋကတ်တိုက်အဆောက်အအုံရှိ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာပြုဌာနခွဲ၌ ပိဋကတ်ဘာသာပြန်စာတည်းကော်မတီအဖွဲ့နှင့်တွေ့ဆုံကာ ပိဋကတ်ပါဠိတော်များ အင်္ဂလိပ်ဘာသာပြန်ဆိုတည်းဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
Mar 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဦးမြတ်ထွန်းကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
Mar 08, 2024
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Mar 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ လူငယ်ရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
Mar 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေးအဖွဲ့က စီစဉ်ကျင်းပသော ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လိုရယူမလဲ) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Mar 08, 2024
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
Mar 08, 2024
ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားနေသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားနေပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၇ သန်း ပိုများနေသည်ကို တွေ့ရသည်။
Mar 08, 2024
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကကျသည့် အင်အားစုကြီးဖြစ်သည့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် အမျိုးသမီးများ၏အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်နိုင်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မတ်လ ၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပကြသည်။
Mar 07, 2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို မတ်လ ၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူအားလုံးကို ရွာထဲတွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 07, 2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်တစ်ခုလျှင် လူ ၂၀ ပေးရန် တောင်းခံနေကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်များက လုပ်ကြံရေးသားပြီး လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 07, 2024
၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်၌ 4E-7950 Probox ခဲရောင် (ငှား) ယာဉ်က ဘေးမှပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ (၇) ဦး (စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်သွားသဖြင့် အရေးယူပေးရန် အထက်တန်းရှေ့နေ ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြို့မရဲစခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့် အမှုဖွင့်၍ စုံစမ်းလျက်ရှိသည်။
Mar 07, 2024
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များကိုဖွဲ့စည်း ၍လည်းကောင်း၊ အကောက် ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာ အဖွဲ့များ ဖွဲ့စည်း၍လည်း ကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်း စစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိ မှုသည် အလွန်အရေးပါလျက်ရှိ ကြောင်း သိရသည်။
Mar 07, 2024
အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ပြင်းထန်စွာရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသားပြီး ပြည်သူများ အထင်အမြင်လွဲမှား စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
