Jan 30, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို ပြည်တွင်း/ပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်ပြီး ဒေသတွင်း လူမှုစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ကမ္ဘာလှည့်ခရီးသွားများ ကွပ်ကဲရေးရဲတပ်ဖွဲ့၊ မြန်မာစီးပွား ရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 30, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Premier Automotive Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Geely အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်အတွက် အပိုပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Jan 30, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အနာဂတ်နိုင်ငံတော်အတွက် ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် ကျောင်းဆရာ/ ဆရာမများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေသည့် အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jan 30, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီထွန်းကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
Jan 30, 2024
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Jan 30, 2024
ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာအားလုံးကို လွှမ်းခြုံလည်ပတ်နေပြီဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး ထိရောက်စွာအသုံးချနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စသည့်မျက်နှာစာအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးချနိုင်သည့်နိုင်ငံများသည် တိုးတက်အောင်မြင်ပြီး ရှေ့တန်းသို့ ရောက်လာကြသည်ကို တွေ့ရသည်။
Jan 30, 2024
မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေ အချိုးအစားများပြားခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိထားသည်ဟုပင် တင်စားထားသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် ထက်ဝက်ခန့်သာလျှင် အလယ်တန်းအဆင့် ပညာတတ်မြောက်မှုအဆင့်၌သာ ရှိနေသည်။
Jan 29, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 29, 2024
တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုတတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
Jan 29, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၁-၁-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၆,၂၆၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၄၅) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Jan 29, 2024
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် တပ်မတော်က ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သမင်ခြံကျေးရွာနှင့် သူဌေးကုန်းကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jan 29, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူနေရပ်ကွက်များကို တပ်မတော်မှဓာတုအဆိပ်ငွေ့ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jan 29, 2024
(၁) ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး။
Jan 29, 2024
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုဇန်ဝါရီလအတွင်း လာရောက်ဖူးမြော်သူအများဆုံးဖြင့် စည်ကားလျက်ရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
Jan 29, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jan 29, 2024
နေ့စဉ်လူမှုဘဝတွင် စားသောက်ဖွယ်ရာမုန့်အမျိုးမျိုးတို့ကို စားသုံးလျက်ရှိရာ လက်ရှိအချိန်တွင် ပြည်ပမှအစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည်။ မြန်မာတို့တွင် မြန်မာ့ရိုးရာမုန့်အမျိုးအစားစုံလင်စွာ ရှိပေသည်။ မြန်မာ့ရိုးရာမုန့်အများစုမှာ ဒေသထွက် သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးအထောက် အကူဖြစ်စေပါသည်။ ၎င်းအပြင် ရိုးရာမုန့်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းသည် ပြည်ပသွင်းကုန်လျှော့ချစေနိုင်ရုံသာမက ဒေသတွင်းသဘာဝကုန်ကြမ်းပစ္စည်းများ ဈေးကွက်ရရှိခြင်းနှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးပေးရာရောက်ပေသည်။
Jan 29, 2024
မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၇၂ ခုမှ ပြည်သူ ၃၁၀၊ သာစည်မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စု ၅၀ မှ ပြည်သူ ၂၅၀ စုစုပေါင်း ၅၆၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။
Jan 29, 2024
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော်သံဃာ တော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော်၁၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်း သဘင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင် မြောက်ဘက်ရှိချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
Jan 29, 2024
သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသောဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများအလိုက် စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကြည့်ရှုစစ်ဆေးသည်။
