Apr 05, 2024
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ကဏ္ဍနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 05, 2024
သံနှင့်သံမဏိစက်ရုံစီမံကိန်းနှစ်ခု အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် သွင်းအားစုများ စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 05, 2024
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် သီရိရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Apr 05, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (UN Department of Safety and Security-UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 05, 2024
နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။
Apr 05, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်ပြင်ဆင်လျက်ရှိကြသည်။
Apr 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဌာန(United Nations Department of Safety and Security-UNDSS) ၏ အကြီးအကဲ Under-Secretary-Gene-ral Mr. Gilles Michaud ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိရုံးအမှတ်(၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 05, 2024
ပညာတွင် ကျောင်းသင်ပညာနှင့် လေ့လာဆည်းပူးသည့်ပညာဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ရှေးကာလက ဘုန်းတော်ကြီးသင်ကျောင်းမှလွဲ၍ ပညာသင်ကျောင်းမရှိခဲ့သေးပေ။ ထို့ကြောင့် ပညာကို မိမိကိုယ်တိုင်အပတ်တကုတ်လေ့လာ ဆည်းပူးပြီး ပညာရှိများ၊ အကျော်အမော်များ ပေါ်ထွန်းလာသည်။ ပညာကို စာဖတ်ခြင်း၊ နာယူခြင်း၊ စူးစမ်းလေ့လာခြင်းတို့မှ ရယူကြသည်။ စာဖတ်ခြင်း၏တန်ဖိုးမှာ ကြီးမားလှသည်။
Apr 05, 2024
အားအသင့်အတင့်ရှိသော အယ်နီညို၏ အကျိုးသက်ရောက်မှုနှင့်အတူ ယခုနှစ်နွေရာသီ၏ နေ့အပူချိန်များ မြင့်မားလျက်ရှိသည်။ ပြင်းထန်သည့် အပူချိန်သည် အပူလျှပ်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ရုတ်တရက်သေဆုံးခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြင့်မားသည့်အပူချိန်ကို ကာလကြာရှည်ခံစားရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီသေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။
Apr 04, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁ ရက်နေ့က လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Apr 04, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Apr 04, 2024
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်တို့ရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့်အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဧလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အနီးတို့မှ Fixed Wing များလွှတ်တင်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။
Apr 04, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။
Apr 04, 2024
၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက် ၁၀ နာရီ ၃၀ မိနစ်တွင် နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါဒရုန်းများကို အောင်မြင်စွာ ပစ်ချဖျက်ဆီးခဲ့သည်။
Apr 04, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူအဖြစ် ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်ရန် လိုအပ်လျက်ရှိသည့် ရွှေစင်ရွှေပြား တစ်ချပ်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ရွှေစင်ရွှေပြား ခုနစ်ချပ်နှင့် နဝကမ္မအလှူတော် ငွေကျပ် ခုနစ်သိန်း၊ လှူဒါန်းမှု စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈၂၀၀၀၀၀ ကို ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဂေါပကအဖွဲ့ထံသို့ ယနေ့သွား ရောက်လှူဒါန်းသည်။
Apr 04, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဖြည့်စွက်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့သည်။
