Jan 20, 2024
စည်းကမ်းမလိုက်နာသူ YBS ယာဉ်မောင်းများကို ထုတ်ပယ်မှုများ ဆောင်ရွက်နေ၍ လိုအပ်နေသည့် ယာဉ်မောင်းနေရာများအတွက် အစားထိုးရန် ယာဉ်မောင်းသင်တန်းသားများကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ခေါ်ယူထားသည်ဟု သိရသည်။YBS ယာဉ်မောင်းများ၏ စည်းကမ်းချိုးဖောက်မှုများတွင် မီးနီကို သုံးကြိမ်အထိ ဖြတ်မောင်းမှုများပါဝင်သည်။ ရန်ကုန်မြို့ကဲ့သို့သော မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် ယာဉ်စီးရေအများဆုံးမြို့ကြီးတွင် ခရီးသည်တင်ယာဉ်ကြီးများကို မောင်းနှင်သူများ၏ စည်းကမ်းကောင်းမွန်မှု၊ ကျွမ်းကျင်မှုနှင့် စိတ်ရှည်သည်းခံနိုင်စွမ်းရှိမှုတို့က လွန်စွာပင် အရေးကြီးလှသည်။
Jan 19, 2024
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့်စာရင်းများအား စဉ်ဆက်မပြတ်ကြေညာပေးလျက် ရှိပါသည်။
Jan 19, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 19, 2024
(ASEAN Economic Community–AEC) အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီက ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်း ကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာလုပ်ငန်းကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
Jan 19, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၃၇) ကို “စာကြည့်တိုက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Jan 19, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 19, 2024
၁။ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
Jan 19, 2024
Asia-Pacific Institute For Broadcasting Development (AIBD) ကကြီးမှူး၍ “ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှုအတွက် မီဒီယာအခန်း ကဏ္ဍဆိုင်ရာ (ပိုမိုစိမ်းလန်းစေရေးအတွက် ရေရှည်တည်တံ့သော အလေ့အကျင့်များ) Online ဆွေးနွေးပွဲ” ကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက Online မှတစ်ဆင့် ကျင်းပသည်။
Jan 19, 2024
စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတိုက်အနေဖြင့် ဂျပန်နိုင်ငံရှိ ပညာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများအား မြန်မာနိုင်ငံသားများအတွက် ပိုမိုရရှိစေရန် ဆောင်ရွက်နေကြောင်း အဆိုပါကျောင်းတိုက်မှ သိရသည်။ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အဆိုပါကျောင်းတိုက်ကို IBEC ဆရာတော်ဟု လူသိများသည့် စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာအရှင်သောဘိတက တည်ထောင်ထားခြင်းဖြစ်သည်။
Jan 19, 2024
စည်းစနစ်ကြပ်မတ်ပြီး စည်းကမ်းမလိုက်နာသူ YBS ယာဉ်မောင်းများကို ထုတ်ပယ်မှုများ ဆောင်ရွက်နေသည့်အတွက် လိုအပ်နေသော ယာဉ်မောင်းနေရာများအတွက် အစားထိုးရန် YBS ယာဉ်မောင်းများခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
Jan 19, 2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင် ရန်ပုံငွေကြီးကြပ်မှုကော်မတီက ကြီးမှူး၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jan 19, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယသုံးကျမ်းအောင် ၁၃၀၃ ပါး၊ အစိုးရဓမ္မာစရိယ အထူးအောင် ၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၃ ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၂ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၁၆ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အထူးအောင် ၉ ဦးတို့ထံ ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်း အနားကို ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့၊ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။
Jan 19, 2024
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ကြီးမှူးပြီး အခြေခံမော်တာစက်ချုပ် သင်တန်းကို ဖွင့်လှစ်ပြီးနောက် အထည်ချုပ်လုပ်ငန်းရှင်နှင့် အထည်ချုပ်စက်ရုံ၌ လုပ်ကိုင်လိုသူများအကြား အလုပ်အကိုင်များ ချိတ်ဆက်ပေးလျက်ရှိရာ လူဦးရေသောင်းဂဏန်း ဝန်းကျင်အထိ အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းမှ သိရသည်။
Jan 19, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ဇန်နဝါရီ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို ကျား (၁) ကုန်ထုတ်စခန်းနှင့် ကျား (၂)ကုန်ထုတ်စခန်းများ၊ ဇန်နဝါရီ ၁၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ၂၄ မိုင် ကုန်ထုတ်စခန်းများ၊ ယနေ့တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ရဲစခန်း အချုပ်ခန်းများနှင့် ချယ်ရီမြေ ဘိုးဘွားရိပ်သာတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 19, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးအတွင်း သတ်မှတ်ပေးထားသောနေရာ၌ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသား တောင်သူများကိုယ်တိုင်စိုက်ပျိုးထားသော ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီအစိမ်းနှင့် မုန်လာဥများ ရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးသည်။
Jan 19, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 19, 2024
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
Jan 19, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကိုဇန်နဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 19, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဒေသတွင်း ပြည်သူများ ဘဝရပ်တည်ချက်ခိုင်မာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုတို့ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးမည့် သင်တန်းများကို ဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားသည်။
