Jan 01, 2024
ယနေ့သည် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်း ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးတွင် မိမိတို့ဆောင်ရွက်ခဲ့သမျှကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး နှစ်သစ် ၂၀၂၄ ခုနှစ်တွင် ကောင်းသောကိစ္စအဝဝတို့ကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မင်္ဂလာရှိသောနှစ်သစ်တွင် မကောင်းမှုများကို ရှောင်ရှားပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ အားနည်းချက်များကိုပြုပြင်၍ အားသာချက်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
Dec 31, 2023
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာတို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးအဖွဲ့များအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၆ ဦး ကျဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media - လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 31, 2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့်ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်တွင်မီးရှို့ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
Dec 31, 2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ပန်းယျကျေးရွာနှင့် လယ်ကောကြီးကျေးရွာအကြားရှိ ရှမ်းမြောင်းကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူအပါအဝင် အလုပ်သမား ၆ ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ အချိန်ခန့်က တပ်မတော်မှပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media နှင့် RFA တို့က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 31, 2023
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ (၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်သည်။
Dec 31, 2023
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
Dec 31, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ ယူကေစိန်သင်ဖြူးဖျာလုပ်ငန်းသို့ရောက်ရှိပြီး သင်ဖြူးဖျာများရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
Dec 31, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Dec 31, 2023
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက်ညီလာခံ (6th MFF Congress 2023) ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ က Video Conferencing ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။
Dec 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း၌ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Dec 31, 2023
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၅) ကြိမ်မြောက်ဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေဆင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ ဆရာ ဆရာမများ၊ ဘွဲ့ခံကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Dec 31, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက်တို့တွင်ကျင်းပသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Dec 31, 2023
မနေ့ကတုန်းက ကျွန်တော်တို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ်မစ္စမော်နင်းကနေပြီးတော့ သတင်းစာရှင်းလင်းပွဲမှာတော့ လောက်ကိုင်၊ တုံချိန်နေရာပေါ့။ Crown ဟိုတယ်ရှေ့မှာ ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတွေ သေကျေဒဏ်ရာရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကလည်း အမျိုးမျိုးတရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် ဦးတည်ပြီးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။
Dec 31, 2023
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရှမ်းပြည်နယ်/ ကယားပြည်နယ်ရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် ယနေ့မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Dec 31, 2023
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်ရှိသူများနှင်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၃၂) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Dec 31, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့်အတူ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာ များပေးအပ်ကာ ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် ကျောင်းသားကျောင်းသူများ ပိုမိုတိုးချဲ့လက်ခံနိုင်ရေးအတွက် တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Dec 31, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးရက်သတ္တပတ် ပဉ္စမအကြိမ်မြောက် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပပြုလုပ်ကြပါသည်။ ပြည်သူများ ကျန်းမာစွာနေနိုင်ရေးအတွက် ကျန်းမာရေးကို အထောက်အကူပြုသည့် အားကစားတစ်မျိုးဖြစ်သော လမ်းလျှောက်ခြင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို ဒီဇင်ဘာလ၏ အပတ်စဉ်ရုံးပိတ်ရက်တိုင်းပြုလုပ်ခဲ့ရာ ယခုအပတ်တွင် ပဉ္စမအကြိမ်မြောက်ပြီးဆုံး ခဲ့ပြီဖြစ်သည်။
Dec 31, 2023
နှစ်ဟောင်းတစ်ခုကုန်ဆုံး၍ နှစ်သစ်ကိုကြိုဆိုကြရမည့်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤကာလသို့ရောက်တိုင်း နှစ်သစ်ကို မျှော်လင့်ချက်များစွာဖြင့် ကြိုဆိုခဲ့ကြသည့်တိုင် ခက်ခဲကြမ်းတမ်းမှုများနှင့် ရုန်းကန်ရင်ဆိုင်ရမှုများကိုသာ အများအားဖြင့် ကြုံတွေ့ခဲ့ကြရသည်ကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း တွေ့ရှိနိုင်သည်။ ပြည်ပနိုင်ငံအချို့၏ ပြည်တွင်းရေးစွက်ဖက်မှုများနှင့် ဖိအားပေးမှုများ၊ ပိတ်ဆို့ဟန့်တားမှုအနှောင့်အယှက်များ၊ ပြည်တွင်းစည်းလုံး ညီညွတ်မှုအားနည်းကျဆင်းနေမှုများ၊ အတွင်းအပြင်ပူးပေါင်း လုပ်ဆောင်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဝင်ရောက်ကူးစက်မှုများ၊ ဆန့်ကျင်အုံကြွမှုများနှင့် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ စသည့်ပုံရိပ်အများစုကသာ အတိတ်နှစ်များကို လွှမ်းမိုးထား ခဲ့သည်။
Dec 30, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (ပဥ္စမပတ်) လူထုအားကစားလှုပ် ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
