Skip to main content

Dec 30, 2023

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို ဒီဇင်ဘာလ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်လာပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးမရှို့ခင် နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်သွားကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များမီးလောင်နေပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း တပ်မတော်က မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG ၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်ကျေးရွာများအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်း နေကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ဒေသခံပြည်သူများကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

​​​​​​​၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ်  သို့မဟုတ် ၅ စောင်ကို  ပြန်ကြားရေးဝန်ကြီးဌာနသို့  အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ် စာရင်း ၂ အုပ်၊  အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့   ၂  အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင် သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးထွန်းသန်းအောင်၏ Mekong News (မဲခေါင်သတင်း)သတင်းအေဂျင်စီသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့်အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် Mekong News (မဲခေါင်သတင်း) သတင်းအေဂျင်စီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ ပိတ်သိမ်းလိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ ကွန်ပျူတာ တက္ကသိုလ်(မကွေး)သို့ ရောက်ရှိ ခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

​​​​​​​၁။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း ၁၅ ရက်ကြာ ကောက်ယူမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်း၏ အကြိုလှုပ်ရှားမှု အဖြစ် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ပြိုင်ပွဲဝင်များ၏ ဆောင်းပါးများတွင် အောက်ဖော်ပြပါအဓိကအချက်များ ထည့်သွင်းရေးသားသင့်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဒီဇင်ဘာ ၂၆ ရက်မှ ၂၉ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့သို့ သွားရောက်၍ မြန်မာ့မီးရထား ထောက်ပံ့ဌာန(ရန်ကုန်)၊ မော်လမြိုင်ဘူတာကြီး၊ ကွန်ကရစ် ဇလီဖားစက်ရုံ(မုတ္တမ)၊ စက်ခေါင်းပြင်စက်ရုံ(မုတ္တမ)၊ စက်ခေါင်းပြင်စက်ရုံ (မော်လမြိုင်)နှင့် ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား (မော်လမြိုင်)ရှိ ရထားလမ်းကြံ့ခိုင်မှုတို့ကို စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေ ကျေးရွာအနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သားငါးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ ကောလာ ဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသနဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျ သုတေသနပြုလုပ်ခြင်းမှတစ်ဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် သုတေသနတွေ့ရှိ ချက်များကိုအခြေခံ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ပြည်ထောင်စုနယ်မြေနေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

ဦးဌေးဝင်း (ဆူးလေစေတီတော်၊ ဂေါပကအဖွဲ့ဝင်) ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ လာရောက်ဖူးမြာ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

​​​​​​​ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့သည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အချိန်မှစတင်၍ ရှေ့ဆင့်နောက်ဆင့်ဆိုသလို လွတ်လပ်ရေးရရှိလာကြသည်။ အချို့နိုင်ငံများဆိုလျှင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော်လည်း နိုင်ငံ၏ပြည်တွင်းရေးအခြေအနေ အမျိုးမျိုးတို့ကြောင့် စစ်ပြီးကာလ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုကျော်မှ လွတ်လပ်ရေးရရှိလာကြသည်။ လွတ်လပ်ရေးရရှိပြီးသည်နှင့် နိုင်ငံများသည် နိုင်ငံပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးကို အလျင်အမြန်လုပ်ဆောင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2023

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် နံနက်စောစော စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ကြခြင်း အစီအစဉ်များမှာ ယခုရက်သတ္တပတ်တွင် နောက်ဆုံးအဖြစ် ကျင်းပကြမည်ဖြစ်သည်။ မိုးလေကင်းစင်၍ ရာသီဥတုအေးမြသည့် ဒီဇင်ဘာလကို လူထုအားကစားလှုပ်ရှားမှုလအဖြစ် သတ်မှတ်ပြီး တစ်နှစ်လုံးတွင် တစ်လ၊ တစ်လထဲတွင် တစ်ပတ်မှတစ်ကြိမ်မျှသာ လမ်းလျှောက်ကြခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းက ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခြင်းမျှသာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်