Skip to main content

Jan 29, 2024

 မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များကို အစဉ်လာမပြတ် ကျင်းပလျက်ရှိသည်။ ဤသို့ ကျင်းပရခြင်းသည်ကား အပျော်အပါးသက်သက်မဟုတ်။ မိမိတို့နိုင်ငံတွင် စွယ်စုံပညာရှင်များ ပေါ်ပေါက်ထွန်းကားလာစေရေး၊ နိုင်ငံ့ကာကွယ်ရေး မျက်နှာစာမှစစ်ရေးစစ်ရာ ကျွမ်းကျင်လိမ္မာသော စစ်သည်သူရဲကောင်းများ အမြောက်အမြား ပေါ်ပေါက်လာစေရေး၊ တိုင်းကားပြည်ရွာ စည်ပင်သာယာလာစေရေးစသော အကျိုးအာနိသင်များကို မျှော်ကိုးလျက် ယင်းသို့သော ဆန္ဒမွန်များကို အကောင်အထည်ဖော်ရန် ကျင်းပကြခြင်းဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနှင့် ခုတင် - ၅၅၀ ဆံ့ ကလေး ဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ်မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ “စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ဇန်နဝါရီ ၂၅ ရက် က နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုး ရေးသင်တန်းကျောင်း (AERDTC) ၌ကျင်းပရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဂုံမင်းအင်းကျေးရွာအနီး ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းကို RD-ပေ ၈၀၀ မှ ၂၆၀၀ အတွင်း အုတ်မြောင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းမှ နွေစပါးစိုက်ပျိုးနိုင်ရေး စီစဉ်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံ (မကြီးကန်) သို့သွားရောက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ နှင့် ဆက်စပ်ဝန်ကြီးအဆင့် အစည်းအဝေးများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ- ရုရှားဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို “Quality and Responsible Tourism - Sustaining ASEAN Future” ခေါင်းစဉ်ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel ၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး Mrs. Suanesavanh VIGNAKET ၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ မြေအသုံးချရေးဌာနခွဲ ပင်မဓာတ်ခွဲခန်း (ရန်ကုန်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ် ၅ သစ်တောသုတေသန စခန်း၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့ ကွင်းဆင်းခြင်း ဆောင်ရွက်လျက်ရှိသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ်နှင့်စတုတ္ထနှစ်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို Boxing Indoor Stadium လက်ဝှေ့အားကစား ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2024

ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးမစ္စတာ မက်ခ်ဆင်းရယ်ရှဲသငြိကော့ဗ်၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကို မြို့ All-Russian Exhibition Center (VDNH – Exhibition of Achievements of National Economy)၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား - မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိချေ။ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သော်လည်း ပျက်သုဉ်းခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သောအခါ ပဋိပက္ခပြဿနာမျိုးစုံနှင့်ကြုံတွေ့ခဲ့ရသည်။ သို့ဆိုလျှင် နိုင်ငံရေးစနစ်ကြောင့်လား၊ လူကြောင့်လား သုံးသပ်ကြည့်နိုင်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ ၁၆ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်ပေါ်ထွန်းတော်မူခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရသည့် ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ၁၆ ပါးမျှသာ ပေါ်ထွန်းနိုင်သည်ကို ထောက်ရှုခြင်းအားဖြင့် အဆိုပါစာမေးပွဲကြီး၏ ခက်ခဲနက်နဲအဆင့်မြင့်မားပုံတို့ကို သိရှိနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

KIA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အုပ်စုဖွဲ့လျက် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများနှင့် အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲမီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာမှ ဇန်နဝါရီ ၁၈ ရက်မှစ၍ မိုးမိတ်မြို့လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ ၂၅ ရက်​နေ့မှ ၂၈ ရက်နေ့အထိ (၄) ရက်တိုင်တိုင် တိရစ္ဆာန်ဥယျာဉ်အတွင်း၌ ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လာရောက်လည်ပတ်ပါဝင်ဆင်နွှဲသူများနှင့် အထူးစည်ကားလျက်ရှိ‌ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

၁။ ၂၁-၁-၂၀၂၄ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ယူနီဖောင်းဝတ်ဆင်သူများ သယ်ဆောင်လာသည့် တရားမဝင်လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ PNLO အနေဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းသည် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCA ပါ သဘောတူညီချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး လက်အောက်ခံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအား အထူးအလေးထား စစ်ဆေးကြပ်မတ်ထိန်းသိမ်းပါရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ၂၃-၁-၂၀၂၄ ရက်တွင် PNLO အဖွဲ့ထံ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုရှေးရှုလျက် သတိပေးအကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ သဘောရေးဖြေနှင့် အာဂုံပြန်အောင်စာရင်းသဘောရေးဖြေအောင်စာရင်း

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

အရှင်ပညာသိရီလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းစံပြကျေးရွာ၊ ခမည်းတော် ဦးအောင်ငြိမ်း၊ မယ်တော် ဒေါ်မြသောင်းတို့မှ ၁၃၂၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ကြာသပတေးနေ့တွင် ဖွားမြင်သော သားရတနာဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်