Feb 23, 2024
ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
Feb 23, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိ မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
Feb 23, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။
Feb 23, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Feb 23, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ စီပင်ခြံ၏သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများကဆီထွက်သီးနှံ နေကြာ ဆင်းရွှေကြာ-၂ ၊ ပဲတီစိမ်း၊ ပဲစင်းငုံအပါအဝင်သီးနှံ ၁၁ မျိုး၏ သုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
Feb 23, 2024
အပ္ပဿုတာယံ ပုရိသော၊ ဗလီဗဒ္ဒေါဝ ဇီရတိ။ မံသာနိတဿ ဝန္တိ၊ ပညာ တဿ န ဝုတိ။ အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီးကြီးထွားလာ၏။ ထိုယောကျ်ားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွား။ (ဓမ္မပဒ)
Feb 23, 2024
ကမ္ဘာ့ကျန်းမာရေးသမိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာကူးစက်ဖြစ်ပွားခဲ့သည်မှာ လေးနှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဆိုးရွားပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ပြည်သူအများစု၏ အသက်ခန္ဓာ၊ ကျန်းမာရေးတို့သာမက လူမှုစီးပွားကဏ္ဍအပေါ်တွင် အကြီးအကျယ် သက်ရောက်မှုများရှိခဲ့သည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာမရှိတော့သော်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးကွဲများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
Feb 22, 2024
ဟားခါးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ မြို့ဦးကျောင်းတိုက်ရှိ အတုလဂုဏ်ရည်သာသနဗိမာန် သို့သွားရောက်၍ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဟားခါး-ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ် သာသနာပြုကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
Feb 22, 2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရဝန်ထမ်းများကို စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် ဝန်ထမ်း ၂ ဦးစီ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင်စာရင်းပေးရမည်ဖြစ်ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က အများပြည်သူအထင်အမြင်လွဲမှားဖွယ် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 22, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 22, 2024
(၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 22, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 22, 2024
မွန်ပြည်နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်စုစုပေါင်း ၅၄ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 22, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲနေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောလင်းမြို့ရှိ ကျေးရွာများကိုမီးရှို့ရန်စေခိုင်းသည့် အသံဖိုင်တစ်ခုထွက်ပေါ်လာကြောင်း၊ အဆိုပါအသံဖိုင်တွင် ဆေးမင်းခုံကျေးရွာအားမီးရှို့ရန် လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးမှ ဆက်သွယ်ရေးစကားပြောစက်ဖြင့် အမိန့်ပေးစေခိုင်းသည့်ပုံစံမျိုး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံထားသည့် အသံဖိုင်တစ်ခုကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 22, 2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Feb 22, 2024
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 22, 2024
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်အား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကြံခင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၅ ခုမှ ပြည်သူ ၅၀၂ ဦး၊ ဓနုဖြူမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၁ ခုမှ ပြည်သူ ၅၀၅ ဦး စုစုပေါင်း ၁၀၀၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
Feb 22, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ စုပေါင်းကာယ လေ့ကျင့်ခန်းနှင့် အားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဘော်လီဘောနှင့် ပြေးခုန်ပစ် အားကစားပစ္စည်းများကို မကြာမီ ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူတိုင်း တတ်မြောက် ရုံသာမက ထူးချွန်အောင် လေ့ကျင့်ကြရန်မှာကြားသည်။
Feb 22, 2024
သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်အတွင်းရှိ ပြာသာဒ်အဆောင်အမှတ်(၂)၌ ကျင်းပသည်။
Feb 22, 2024
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ စီးပွားရေးဆိုင်ရာ အသိဉာဏ်ဗဟုသုတများတိုးပွားစေရန်နှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို နားလည်သိရှိစေရန် ရည်ရွယ်၍ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
