Skip to main content

Dec 02, 2023

ရေလုပ်ငန်းလုပ်ကိုင်ရန် ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ် နှင့် ထောင်ဒဏ် (၅)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာနရှိဌာနခွဲများ၊ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption - ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ ၂၉ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ Landmark Mekong Riverside Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၏ သတ္တမအကြိမ် တိရစ္ဆာန် ဆေးပညာကောင်စီ ရွေးချယ် တင်မြှောက်ရေးနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း (၁၅) ကြိမ် မြောက် ရွေးချယ်တင်မြှောက်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ပါမောက္ခ ဌာနမှူးများ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီ ဥက္ကဋ္ဌ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၌ သင်တန်းကျောင်းမှ ဝန်ထမ်းများ ၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိကျင်းပသည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် နန်ချန်းမြို့၌ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ကျန်ကျုံးခေတ်မီတရုတ်တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုစက်ရုံနှင့် ပြခန်းသို့သွားရောက် လေ့လာရာတာဝန်ရှိသူများက တရုတ်တိုင်းရင်းဆေးဝါးများကို ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်နေမှု၊ အရည် အသွေးစစ်ဆေးနေမှုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖြန့်ဖြူးရောင်းချနေမှုတို့ကို လိုက်လံရှင်း လင်းပြသခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်စုပေါင်းအစည်းအဝေးခန်းမ၌ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသော ဆေးခန်းများ၏ အာမခံအလုပ်သမားများအတွက် ဆေးကုသဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံး အမှတ် (၄) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ‌အောင်မြေသာစံမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း (နန်းတွင်း)၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းနှင့် မန္တလေးပညာရေး ဒီဂရီကောလိပ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဝန်ထမ်းများ စိတ်ပျော်ရွှင်စေရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို ရည်ရွယ်လျက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ လွန်ဆွဲအားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးလှမိုး တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ(၂/၂၀၂၃)အစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်မည့် အနာဂတ်ကြယ်ပွင့်လေးများဖြစ်၍ ခံယူချက်၊ ယုံကြည်ချက်ခိုင်မာရန်၊ စဉ်းစား တွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန်ခွဲခြားသုံးသပ်နိုင် စွမ်းများမြင့်မားရန်၊ ကျင့်ဝတ်များကို လေးစား လိုက်နာကြရန်၊ နည်းပညာဆိုင်ရာလေ့လာမှု၊ တီထွင်ဖန်တီးမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် Aquarius နည်းပညာကုမ္ပဏီမှ မစ္စတာ ဗလာဒီမာ စတပ်ပါနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရမည်၊ မိမိလူမျိုးဘဝ မြင့်မားလာရ မည်ဟူသည့် ခံယူချက်ဖြင့် မိမိနိုင်ငံကို ညီညီညွတ်ညွတ် ဝိုင်းဝန်း တည်ဆောက်ခဲ့ကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက်၊ သဘောကွဲလွဲမှုတို့ကို အကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာပုံဘဝ ရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည် ဦးမော့လာအောင် တစ်စိ

ဆက်လက်ဖတ်ရှုရန်

Dec 02, 2023

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းနှင့်မိဖုရားတို့ကို ကျူးကျော် နယ်ချဲ့လာသူ အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့် ပဒေ သရာဇ်ခေတ် မြန်မာနိုင်ငံ၏သမိုင်းမှာ အဆုံးသတ်ပြည်ဖုံးကား ချသွားခဲ့သည်။ ထိုနေ့ကို အရှင်နှစ်ပါး ပါတော်မူသောနေ့၊ မြန်မာ့ ဦးစွန်းအနောက်သို့ ယွန်းသောနေ့ စသည်ဖြင့် နာကြည်းစွာ မှတ်သားခဲ့ကြပြီး နောင်တွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ် လှုံ့ဆော်ရေးတို့အတွက် အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် စဉ်းစားခဲ့ကြသည်ကို သမိုင်းတွင် တွေ့ရှိရသည်

ဆက်လက်ဖတ်ရှုရန်

Dec 01, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ် များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေး စစ်ရေယာဉ် Qian Dao Hu တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များ မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2023

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသောပြည်သူများ အကြောက်တရားလွှမ်းမိုးစေရန် ၎င်းတို့နှင့် အမြင်အယူအဆမ တူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်