Skip to main content

Dec 12, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အင်ဂျင်နီယာချုပ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် နောက်ဆုံးသုံးလပတ် နီးကပ်လာပြီဖြစ်၍ လုပ်ငန်းများ အမြန်ပြီးပြတ်ရန်နှင့် စာရင်း၊ ဇယားများ ရှင်းလင်းစွာဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော အလှူငွေများနှင့် ဝင်ကြေးများမှ ဘဏ်များတွင် အပ်ငွေအဖြစ် အပ်နှံထားသော အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာ လျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် တန်ဖိုးဖြတ်သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း၊ ထို့အတူဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကိုလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်ဟု လုပ်ကြံသတင်းတုများအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

မလေးရှားနိုင်ငံ ပီနန်မြို့၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပခဲ့သည့် PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28) kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်တစ်ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်တစ်ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်တစ်ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်တစ်ခု၊ အမျိုးသား (-24) kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်တစ်ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်တစ်ခု၊ အမျိုးသား (-50)kg ပြိုင်ပွဲတွင် မောင်ခိုင်ခန့်က ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး(-57)kg ပြိုင်ပွဲတွင် မငွေပုံချစ်က ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမားကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်းဆုတံဆိပ်ရှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(တိုင်းအဆင့်) အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နိုင်ငံတော်မှ အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

​​​​​​​ကျွန်တော်တို့ မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA ,TNLA , AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုပေါ်မှာ မူတည်ပြီး၊ တိုးတက်မှု အခြေအနေအပေါ်မှာမူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ အခမ်းအနားပြင်ဆင်နေမှု၊ ပြခန်းများစီစဉ်ဆောင်ရွက်ထားရှိမှု၊ LED ဘုတ်များတပ်ဆင်မှု၊ လျှပ်စစ်မီးနှင့်အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ​ဆောင်ရွက်​​နေမှုအခြေအ​နေများအား ရှင်းလင်းတင်ပြကြပြီး ပြည်​ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများနှင့် ဆရာ ဆရာမများအား ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

​​​​​​​တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော တပ်မတော်ဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူကို အစဉ်ထာဝရ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ တိုင်းတစ်ပါးကျွန်ဘဝမှ လွတ်မြောက်ရေး၊ ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်များမှ လွတ်မြောက်ရေး၊ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံစိတ်ချမှုရှိစေရေးအတွက် မိဘ၊ သားသမီးသဖွယ်၊ ရဲဘော်ရဲဘက်စိတ်ထားများဖြင့် စောင့်ရှောက်ကာကွယ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

​​​​​​​လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည့် ကောလာဟလ၊ သတင်းတု၊ သတင်းမှားများကို အများပြည်သူ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရေး၊ အထင်အမြင်လွဲမှားမှုများ မဖြစ်စေရေးတို့အတွက် မည်သည့်ပြည်ဖျက်မီဒီယာက ရေးသားဖြန့်ဝေသည့် မည်သည့်သတင်းသည် သတင်းတုသတင်းမှားသာဖြစ်ကြောင်း နေ့စဉ်နှင့်အမျှ သတင်းများထုတ်ပြန်နေရသည်။ မီဒီယာတို့မည်သည် သတင်းအစစ်၊ သတင်းအမှန်များဖြင့် နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို ရှေးရှုသင့်သော်လည်း တိုင်းတစ်ပါး၏ အထောက်အပံ့ကို နောက်ကွယ်မှရယူပြီး မိမိနိုင်ငံအလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်ဖြင့် မမှန်ကန်သည့် လုပ်ကြံဖန်တီးသတင်းများ ရေးသားဖြန့်ဝေနေကြသည့် မီဒီယာအမည်ခံများကို ပြည်ဖျက်မီဒီယာအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ၎င်းတို့ရေးသားဖြန့်ဝေနေသည့် သတင်းများကိုလည်း လက်ခံယုံကြည်မှုမရှိရန်၊ အမှတ်တမဲ့ထပ်ဆင့်ဖြန့်ဝေမှုမပြုရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2023

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2023

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်