Nov 13, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အား နိုဝင်ဘာ ၉ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။
Nov 13, 2023
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရှိရသည်။
Nov 13, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 13, 2023
မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
Nov 13, 2023
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂-၁၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၃-၁၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၀၁၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Nov 13, 2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံ မှော်ဘီမြို့၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာတိုက်နယ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ တိုက်ကြီးမြို့တို့သို့ သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးသိုလှောင်ခန်းများ၊ ဆေးရုံအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းမှုများ၊ ဆေးရုံသုံးစက်ကိရိယာများ စနစ်တကျအသုံးပြုမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆေးရုံအတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီးရှိ ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး၌ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီရုံး (မန္တလေးရုံးခွဲ) တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Nov 13, 2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားပြီး အားကစားနည်းပြများနှင့် အားကစားသမားများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ကာ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
Nov 13, 2023
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်မှ သမိုင်းဝင်မန်းရွှေစက်တော်ဘုရားကြီးသို့ ပြီးခဲ့သည့်နှစ်ပွဲတော်ရာသီက ဘုရားဖူးဧည့်သည် ၄၈၈၇၇၃ ဦးအထိ ဝင်ရောက်ဖူးမြော်ခဲ့ကြကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
Nov 13, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအရေအတွက်မှာ ၅၄ ခုရှိပြီး လူသုံးကုန်ထုတ်လုပ်သည့် စွန့်ဦးတီထွင်လုပ်ငန်း လေးခုပါဝင်ကြောင်းသိရသည်။ အဆိုပါ စွန့်ဦးတီထွင်လုပ်ငန်းများအနက်မှ တာချီလိတ်မြို့နယ် ပါလျှံ (၃) ရပ်ကွက်ရှိ Honey ကျန်းမာခြင်းနှင့် အလှအပဆိုင်ရာ လူသုံးကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မနွယ်နွယ်ထွန်းနှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်။
Nov 13, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မြစ်ငယ်တံတားအနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်သုံးစီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Golden Mountain ခရုဆီ ၃၉၀၀ ကီလိုဂရမ်၊ Snow Towel ကီလိုဂရမ် ၂၀၀၀၊ Air Compressor (မော်တာမပါ) အလုံး ၁၀၀၊ Lipo အားဖြည့်အချိုရည် ပုလင်း ၄၀၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၄၀၀၀၀၀၀) ကိုလည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၈) မိုင် (၃) ဖာလုံ၌ ပိုင်ရှင်မဲ့စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Justus ဘီယာဘူး ၇၂၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၂၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 13, 2023
ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူဝယ်ယူ စားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့် သဲကုန်းမြို့နယ်ရှိ ချမ်းမြေ့ငါးကုန်ထုတ် သမဝါယမအသင်းလီမိတက်တို့သည် အသင်းပိုင်ငါးကန်များ၌ ငါးမျိုးစုံ မွေးမြူထားရှိပြီး ၎င်းငါးကန်များမှ ဖော်ထုတ်ရရှိသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်နှင့် ငါးကြင်းစုစုပေါင်း ငါးမျိုးစုံပိဿာချိန် ၉၇၂၉ ကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကား ရောင်းချပေးခဲ့သည်။ အဆိုပါ ငါးကန်များမှ ငါးမျိုးစုံ ၁၂၀၆၃၄ ပိဿာကို ဖော်ထုတ်၍ စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Nov 13, 2023
ပြည်သူများ အရည်အသွေးမီ စားသုံးဆီများ ဈေးနှုန်းချိုသာမှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် အရည်အသွေးမီ စားသုံးဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ နှုန်းဖြင့် လာရောက်ရောင်းချပေးသည်။
Nov 13, 2023
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိန်နန်းကျေးရွာရှိ ဒေသခံပြည်သူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ယနေ့တွင် အဆိုပါ ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
