Nov 28, 2023
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ တန်ဆောင်တိုင်ပွဲတော်သည်လည်း မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏စိတ်ရင်းကို ဖော်ညွှန်းပြသနေသည့် မြန်မာ့ ၁၂ လရာသီ ပွဲတော်များအနက် အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည်။
Nov 28, 2023
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF)၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
Nov 28, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Nov 28, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 28, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Nov 28, 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ-တရုတ်ရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ် ကုန်သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့မှ သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ကြသည်။
Nov 28, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများ၊ တက္ကသိုလ်များမှညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဌာနတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Nov 28, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းရုံးများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Nov 28, 2023
ယနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
Nov 28, 2023
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏စိတ်ရင်းကို ဖော်ညွှန်းပြသနေသည့် မြန်မာ့ ၁၂ လ ရာသီပွဲတော်များအနက် တန်ဆောင်မုန်းပွဲတော်သည် မြန်မာတို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှားမြင်တွေ့ရသည့် ပွဲတော်တစ်ခုဖြစ်သည်။
Nov 28, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် အရုဏ်တက်မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြသည်။
Nov 28, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နောက်ဆုံးနေ့ကို ယနေ့စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
Nov 28, 2023
ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးကွာပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘောသုံးစင်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်သင်္ဘောအုပ်စုထဲမှာတော့ ဖျက်သင်္ဘော Destroyer အမျိုးအစားသင်္ဘောတစ်စင်း၊ Frigate အမျိုးအစား သင်္ဘောတစ်စင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးယာဉ်တစ်စင်း စုစုပေါင်းသုံးစင်းပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ မြန်မာ့တပ်မတော်(ရေ)မှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံရုံးနဲ့စစ်သံရုံးမှ တာဝန်ရှိသူများအနေနဲ့ လှိုက်လှဲစွာကြိုဆိုခဲ့ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း မှာချစ်ကြည်ရေးခရီးလည်ပတ်မှု၊ လေ့လာမှုနှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။
Nov 28, 2023
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက်တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
Nov 28, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Nov 28, 2023
အားနည်းသူများအပေါ် အလေးထားဖေးမကူညီခြင်းသည် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လူသားအချင်းချင်း စာနာထောက်ထားသည့် ကောင်းမြတ်သောအမှုပင်ဖြစ်သည်။ အားနည်းသူဆိုသည်မှာ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ဆင်းရဲနွမ်းပါးသူနှင့် မသန်စွမ်းသူ စသည့်ခံစားထိခိုက်လွယ်သော လူအုပ်စုများဖြစ်သည်။ ယင်းတို့တွင် အမျိုးသမီးများမှာ ကာယအားဖြင့်လည်းကောင်း၊ ရပ်တည်နေထိုင်မှုအားဖြင့်လည်းကောင်း လိုအပ်ချက်များရှိသဖြင့် အားနည်းသောအုပ်စုတွင် ထည့်သွင်းထားသည်။
Nov 28, 2023
ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရှိသည့် အချို့မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားမှု၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ယာယီနေရပ်စွန့်ခွာကြရသူ၊ တိုက်ပွဲရှောင်ကြရသူများ အများအပြားရှိနေပြီး နီးစပ်ရာမြို့နယ်များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်မှုများ ပြုပေးနေကြရသည်။ တိမ်းရှောင်ကြရသူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် မိသားစုများ၊ ဒေသခံများသာမက ရေကြည်ရာမြက်နုရာ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြရသူများလည်း ပါဝင်ကြသည်။
Nov 27, 2023
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ စည်ကားများပြားလျက်ရှိသည်။
Nov 27, 2023
ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလသတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
