Nov 15, 2023
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 15, 2023
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 15, 2023
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် နိုဝင်ဘာ ၁၃ ရက်တွင် စစ်ရေးနှင့် သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
Nov 15, 2023
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 15, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် စပ်ကုန်းကျေးရွာသို့ ရောက်ရှိပြီး စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိန္ဒြာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော စီးပွားဖြစ်အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Nov 15, 2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 15, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အကြမ်းဖက် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများ အားပေးထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ ဟစ်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
Nov 15, 2023
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီး တိုင်းပြည်ဝင်ငွေအများစုကို ဖော်ဆောင်ပေးခြင်းအပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း အသစ်များကိုလည်း ဖန်တီးပေးလျက်ရှိသည်။
Nov 15, 2023
လယ်ယာကဏ္ဍအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ရေအရင်းအမြစ်များစီမံခန့်ခွဲခြင်းဆိုင်ရာ ပြည်ပဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်၍ ဆွေးနွေးအမှာစကား ပြောကြားသည်။
Nov 15, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Nov 15, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 15, 2023
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြိုင်သာယာ သစ်တောပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသော ပျိုးပင် ၁၅၀၀၀ နှင့် သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင် ၂၃၀၀၀ ကြိုတင်ပျိုးထောင်ရန် ပြင်ဆင်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
Nov 15, 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကျင်းပမည်
Nov 15, 2023
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကို သတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
Nov 15, 2023
ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ
Nov 15, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဓမ္မသဘင်ကျင်းပရေးကော်မတီ (ရန်ကုန်)က ပိဋကသုံးပုံ အဋ္ဌကထာ ၅၁ အုပ်၊ ဓမ္မာစရိယနှင့် ပထမပြန် ပြဋ္ဌာန်းကျမ်းစာအုပ်များ ပုံနှိပ်ရန်အတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဘိဓမ္မရတနာဃရ အဘိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပသည်။
Nov 15, 2023
အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်
Nov 15, 2023
၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
Nov 15, 2023
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် “(၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်”သို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် Myanmar Airway International လေကြောင်းဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
Nov 15, 2023
မစ္စစ်အေယာဆာအဒ် မိုဟာမက်အာဘ်ဒယ်ကာရင်အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အီဂျစ်အာရပ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
