ပိုမိုကောင်းမွန်သော အနာဂတ်ဆီ . . .
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့သည် အသက် ၁၉ နှစ်အရွယ် မဇူးဇူးအတွက် ပထမဆုံးမဲပေးရသည့်နေ့ဖြစ်သည်။ အတွေ့အကြုံသစ်ဖြစ်သည့်အတွက် စိတ်စောနေပြီး ဒီဇင်ဘာနံနက်ခင်း နှင်းမကွဲခင်အချိန်ကပင် မဲရုံဆီသို့ သုတ်ခြေတင်ခဲ့သော်လည်း မဇူးဇူးကဲ့သို့ ဝီရိယကောင်းသည့် လူများစွာက မဲရုံတွင် ရောက်ရှိနေကာ စနစ်တကျ တန်းစီနေရာယူထားကြသည်။
