မော်တော်ယာဉ် (ဝယ်ယူ/ရောင်းချ) ခြင်းအပေါ် အလိုအလျောက် တန်ဖိုးစိစစ် အခွန်တွက်ချက်ပေးဆောင်နိုင်မည့် VAVS စနစ်
ပြည်တွင်းအခွန်များဦးစီးဌာနသည် အများပြည်သူ နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဝန်ဆောင်မှုပေးရာတွင် ယခင်ကထက် ပိုမိုလွယ်ကူလျင်မြန်၍ အဆင်ပြေချောမွေ့စွာ အီလက်ထရောနစ်နည်းလမ်းဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှု ပေးနိုင်မည့်စနစ်များကို လေ့လာ၍ စီမံချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System- VAVS) ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
