ထိခိုက်ဆုံးရှုံးမှုများလျှော့ချဖို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စို့
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှုအကြိမ် ၁၇၀၀ နီးပါးဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငွေကျပ်သန်းပေါင်း ၃၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း၊ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားရှိသည်။ မီးလောင်မှုဖြစ်စဉ်အများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၂ ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်နှင့် တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ် ဖြစ်ပွားခဲ့သည်။
