လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေး
ယနေ့ခေတ်လူအများသည် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းကို လေ့လာလိုက်စားလာကြသည်ကို တွေ့ရပါသည်။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ရာတွင် အများအားဖြင့် လမ်းလျှောက်ခြင်းကို လူကြီး၊ လူငယ်၊ လူရွယ်များပါ ပြုလုပ်လေ့ရှိသည်။ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသော သီချင်းကဲ့သို့ပင် နံနက်စောစောတွင် လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်လေ့ရှိကြသလို တချို့ကလည်း ညနေစောင်းတွင်လမ်းလျှောက်လေ့ရှိကြသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ယခုလိုဆောင်းရာသီအချိန်သည် လမ်းလျှောက်ရန်အကောင်းဆုံးဖြစ်ပါသည်။
