Skip to main content

စိုက်ပျိုးမမှားဘဲ အကျိုးများစေတဲ့ ဆီထွက်သီးနှံနေကြာ

စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ ကနေ ၈၅ ရက်အတွင်း ဈေးကွက်ဝင် ငွေပေါ်နိုင်သည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အရေးပါသော နေကြာသီးနှံ စိုက်ပျိုးရေးအကြောင်းကို တောင်သူ အများစု စိတ်ပါဝင်စားလာကြပါတယ်။

ခြိုးခြံချွေတာရေးမှ တိုးတက်ရေးသို့

ယခုတလော ကျွန်တော်ဖတ်မှတ်မိသော သတင်းများတွင် ခြိုးခြံချွေတာရေးသတင်းများဖြစ်သည်။ နွေရာသီရောက်တော့မည် ဖြစ်၍ ရေကိုချွေတာသုံးစွဲရ မည်ဆိုသော သတင်း၊ ဆည်ရေများ လျော့နည်း လာ၍ လျှပ်စစ်မီးကိုချွေတာရမည်ဆိုသောသတင်း၊ စားသုံးဆီနှင့်စက်သုံးဆီများ ပြည်ပက တင်သွင်းနေရ၍ လျှော့ချသုံးစွဲသင့်သည်ဆိုသောသတင်း စသည့်ချွေတာရေးသတင်းများ ဖြစ်လေသည်။ ထိုသတင်းအ ချက်အလက်များက ယနေ့တိုင်းပြည်တွင် ဘက်ပေါင်းစုံမှ ခြိုးခြံချွေတာရေးစနစ်ကိုကျင့်သုံးပြီး ကုန်ထုတ်စွမ်းအားကို အရှိန်အဟုန်နှင့်မြှင့်တင်သွားရန် သံချောင်းခေါက်လိုက်ခြင်းဖြစ်သည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ် သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား တွေ့ဆုံမေးမြန်းခြင်း

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ၁၂-၅-၂၀၂၂ ရက်မှ ၂၃-၅-၂၀၂၂ ရက်အထိ ကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အားကစားနည်းမည်မျှ ပါဝင်ယှဉ်ပြိုင်မည်၊ မည်သို့ ကြိုတင်ပြင်ဆင်လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်၊ အားကစားသမား မည်မျှဝင်ရောက် ယှဉ်ပြိုင်ကြမည်၊ ဆုတံဆိပ်မျှော်မှန်းထားရှိမှုအခြေအနေ စသည်တို့နှင့်ပတ်သက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား တွေ့ဆုံမေးမြန်းထားပါသည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အရေးကြီးသောလုပ်ငန်းစဉ်များစွာအနက်မှ တစ်ခုကို ထုတ်နုတ် ပြပါဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ညွှန်ပြရမည်ဖြစ်ပါသည်။

ဒီမိုကရေစီဟု ဆိုရာဝယ်…

ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်အမျိုးမျိုး ကျင့်သုံးတာကို တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်ဟာ နိုင်ငံပေါင်း ၁၁၀၊ ၅၄ ဒသမ ၈ ရာခိုင်နှုန်းက ကြိုက် နှစ်သက်တဲ့ နိုင်ငံရေးစနစ် တစ်ရပ်ဖြစ်ပါတယ်။

ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်တို့သည် ရှေးနှစ်ပေါင်း ထောင်ချီသောကာလကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြပါ သည်။ တောင်တန်း၊ ပြည်မဒေသမတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စား ဆင်ယင်မှုမတူကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်း စွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။

ဒီမိုကရေစီဆိုတာ...

ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် လိုအပ်သည့်အခြေခံအချက်များကို ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အမျိုးမျိုးသတ်မှတ်ကြပါသည်။ ဤအခြေခံအချက်များသည် ဒီမိုကရေစီပြည့်ဝသော လူ့အဖွဲ့အစည်းအတွက် အလွန်လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် လိုအပ်သည့်စံနှုန်းများ ထပ်တူထပ်မျှ တူညီချင်မှ တူညီမည်ဖြစ်သော်လည်း အောက်ဖော်ပြမည့် အခြေခံအချက်များ အားလုံးလိုလို ပြည့်စုံမှသာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ပါမည်။

ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် များစွာအရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများ အကြား၊ တောင်တန်းနှင့် ပြည်မအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် နယ်ချဲ့တို့ကို တိုင်းပြည်အတွင်းမှ မောင်းထုတ် နိုင်ခဲ့သည်။ နယ်ချဲ့တို့သည် တိုင်းပြည်အတွင်းမှ ထွက်ခွာသွားရသော်လည်း တိုင်းရင်းသား ညီအစ်ကိုများအကြားတွင် သပ်လျှိုသွေးခွဲသည့် မျိုးစေ့ကို ချထားခဲ့သည်။ လက်ရှိအချိန်အထိ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်စွမ်း မရှိသေးပေ။ များစွာကြိုးပမ်းရဦးမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများ

ဒီမိုကရေစီစနစ်ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရကို ပြည်သူက ရွေးကောက်တင် မြှောက်ကြရသည်။ တစ်နည်းအားဖြင့် ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ကြရ၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ သွားမည်ဆိုလျှင် ရွေးကောက်ပွဲ လမ်းကြောင်းကို မလွဲမသွေဖြတ်သန်း ကြရမည်ဖြစ်သည်။

ငြိမ်းချမ်းသော ပြည်ထောင်စုဆီ

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု နှလုံးသွင်းထားသင့်သည်။
Subscribe to ဆောင်းပါး